မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်က ဆွမ်ဆီးကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲရဲ့ ဦးဆောင်ဂိုးကို ဆွမ်ဆီးက ၃၅ မိနစ်မှာ စတင်သွင်းယူပါတယ်။ အဲဗာတန်အတွက် ချေပဂိုးကို ၄၅ မိနစ်မှာ ပယ်နယ်တီကနေတဆင့် တိုက်စစ်မှူး ရွန်နီက သွင်းယူရာကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ကားဗက်လူဝင်းက ပိတ်ယူပါတယ်။
အဲဗာတန်က အိမ်ကွင်းမှာ ကစားကွက်အသာနဲ့ ကစားနိုင်ခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။ အဲဗာတန်အတွက် ဒုတိယဂိုးကို ဆစ်ဂတ်ဆန်က သွင်းယူပါတယ်။
အဲဗာတန်ဟာ နည်းပြသစ် ဆမ်အလာဒိုက်စ်လက်ထက်မှာ ရလဒ်တွေ တိုးတက်လာနေပါတယ်။ အပိတ်ဂိုးကိုတော့ ၇၃ မိနစ်မှာ ရွန်နီကပဲ ပယ်နယ်တီကနေတဆင့် သွင်းယူပါတယ်။
ဒီပွဲနိုင်လို့ အဲဗာတန်က ၂၅ မှတ်နဲ့ အဆင့် ၉ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဆွမ်ဆီးကတော့ အရှုံးသံသရာထဲက ရုန်းမထွက်နိုင်ဘဲ ၁၂ မှတ်နဲ့ တန်းဆင်းဇုန်ထဲက အဆင့် ၂၀ မှာ ရပ်တည်နေပါတယ်။