ဘယ်ဂျီယမ်နိုင်ငံရောက် ကတ်တလန်ပြည်နယ်သားများကြိုတင်မဲပေး

1.4K
ဘယ်ဂျီယမ်နိုင်ငံမှာ နေထိုင်ကြတဲ့ စပိန်နိုင်ငံက ကတ်တလန်ပြည်နယ်သားတွေဟာ လာမယ့် ဒီဇင်ဘာ ၂၁ ရက် ကျင်းပမယ့် ပါလီမန် ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေ ပေးခဲ့ကြပါတယ်။
ကတ်တလန်ပြည်နယ်သားတွေဟာ ဒီဇင်ဘာ ၁၇ ရက်နေ့က မြို့တော် ဘရပ်ဆဲလ်ရှိ စပိန်ကောင်စစ်ဝန်ရုံးမှာ သွားရောက် မဲပေးခဲ့ကြတာဖြစ်ပါတယ်။
ကတ်လာလိုးနီးယား ပြည်နယ် ပါလီမန်ရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ သတ်မှတ်ထားပေမယ့် စပိန်နိုင်ငံပြင်ပမှာ နေထိုင်ကြသူတွေကို ဒီဇင်ဘာလ ၁၇ ရက်နဲ့ ၁၉ ရက်ကြား ကြိုတင် ဆန္ဒမဲပေးဖို့ ခွင့်ပြုထား တာဖြစ်ပါတယ်။
“ဒီနေ့ကျနော် လွတ်လပ်ရေးကို ထောက်ခံတဲ့ CUP ပါတီကို မဲပေးခဲ့ပါတယ်။ ကျနော်ကတော့ လွတ်လပ်ရေး တောင်းဆိုတာ ထောက်ခံတယ်။ ဘာလို့လဲဆိုတော့ မက်ဒရစ်အစိုးရဟာ ကတ်တာလိုးနီးယားဒေသက ပြည်သူတွေကို ဂရုမစိုက်လို့ပါ” လို့ ဆန္ဒမဲပေးခဲ့သူတဦးက ဆိုပါတယ်။
“ဒီရွေးကောက်ပွဲဟာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ရင်ထဲက ခံစားချက်ကို ထုတ်ဖော်ခွင့် ရတဲ့ အခွင့်အရေး ဖြစ်လို့ပါပဲ” လို့လည်း မဲဆန္ဒရှင် တဦးကပြောခဲ့ပါတယ်။
နောက်ဆုံးပြုလုပ်ထားတဲ့ လူထု စစ်တမ်းအရ လာမယ့် ဒီဇင်ဘာ ၂၁ ရက် ပါလီမန် ရွေးကောက်ပွဲဟာ ကတ်တာလိုးနီးယား အကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။