ရိုက်တာသတင်းထောက်၂ ဦး ထောင်ဖမ်းခံရခြင်းသာဖြစ်ဟု ဦးဝင်းထိန်ပြော (ရုပ်သံ)
အောင်ကိုကိုလတ် (နေပြည်တော်)
·
December 18, 2017
ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရတာဟာ ထောင်ဖမ်းခံရခြင်းသာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်က နေပြည်တော် ပျဉ်းမနားရှိ မင်္ဂဟာဗျူဟာ သာသနာ့ ဗိမာန်တော်ကြီးမှာ ကျင်းပတဲ့ နေပြည်တော်ခရိုင်နဲ့ ၈ မြို့နယ်ရှိ ပါတီအလုပ်အမှုဆောင်တွေ တွေ့ဆုံပွဲ အပြီးမှာ မှတ်ချက်ပြု ပြောကြားခဲ့တာပါ။
ရိုက်တာသတင်းဌာနရဲ့ သတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၄ နှစ်ထိချမှတ်နိုင်တဲ့ ဗြိတိသျှကိုလိုနီခေတ်က ၁၉၂၃ ခုနှစ် အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဖမ်းဆီးအရေးယူထားတာဖြစ်ပါတယ်။