A d v e r t i s e m e n t With Us

ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ

မတ်ပဲ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၅၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၈,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ငွေကျပ် ၅၅,၅၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာ ၁ အိတ်ကို ၂,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။ ကုလားပဲ 929 မန္တလေးကုန်စည်ဒိုင်မှာ ကုလားပဲ 929 က ၅၇၂၅ ပိဿာဝင် ၁ အိတ်ကို ၈၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၃,၀၀၀ ပေါက်ဈေးရှိနေပြီး မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၈၅,၅၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာ တစ်အိတ်ကို ၃၀၀၀ နီးပါး ဈေးကွာခြားမှု ရှိပါတယ်။ ပဲလွန်းဖြူ မန္တလေးကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက ၁ အိတ်ကို ၈၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၉၀,၀၀၀ ပေါက်ဈေးရှိနေပြီး ပဲလွန်းဖြူ အများဆုံးဝင်တဲ့  မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၀,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ စားအုန်းဆီ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ စားအုန်းဆီက ၁ ပိဿာကို ၁,၇၅၀ ကျပ် ပေါက်ဈေးရှိပြီး မုံရွာကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁,၇၅၀ ကျပ်ကနေ ၁,၇၈၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးမှာတော့ ၁ ပိဿာကို ၁၀ ကျပ် ဈေးတက်လာပါတယ်။ မန္တေးနဲ့ မုံရွာ ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၃၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။ နှမ်းနက် မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်က ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၀၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၅,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃,၀၀၀ ကျပ ဈေးကျဆင်းသွားပါတယ်။ နှမ်းအများဆုံး ဝင်တဲ့ မုံရွာကုန်စည်ဒိုင်မှာတော့ နှမ်းနက်က ၁ အိတ်ကို ၁၀၂,၀၀၀ ကျပ်ကနေ ၁၁၈,၅၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာ ၁ အိတ်ကို ၁၃,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။ နှမ်းညို မုံရွာကုန်စည်ဒိုင်မှာ နှမ်းညိုက ၁ တင်းကို ၃၄,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ၁ တင်းကို ၃၄,၅၀၀ ကျပ်ရှိပါတယ်။ မုံရွာနဲ့ မြင်းခြံကုန်စည်ဒိုင် ၁ တင်းကို ၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း- AMIA

A d v e r t i s e m e n t With Us

More News
Up