A d v e r t i s e m e n t With Us

ဗြိတိန်တော်ဝင်မင်းသားက သမ္မတဟောင်း အိုဘားမားကိုတွေ့ဆုံမေးမြန်း

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီဟာ အမေရိကန်သမ္မတဟောင်း ဘားရတ်အိုဘားမား ကို တွေ့ဆုံမေးမြန်းခဲ့ ပါတယ်။ ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ စက်တင်ဘာလက ကျင်းပတဲ့ အားကစားပွဲအတွင်း မေးခဲ့တာဖြစ်ပြီး BBC Radio 4 ရဲ့ Today Programme အစိတ်အပိုင်းအဖြစ် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ အသံလွှင့်မှာ ဖြစ်ပါတယ်။ မေးမြန်းချိန်ဟာ အိုဘားမားက သမ္မတရာထူးကနေ ဆင်းခါနီး နောက်ဆုံးရက်မှာ ဖြစ်ပြီး အနားယူပြီးနောက်  အိုဘားမားဖောင်ဒေးရှင်းနဲ့အတူ ဘာတွေ စီမံထားလဲဆိုတာ မေးမြန်းထားတယ်လို့ ကန်ဆင်တန် နန်းတော်က ဆိုပါတယ်။ လူတွေ့မေးမြန်းမှု မစခင် တော်ဝင်မင်းသား ဟယ်ရီက “ဒီမေးမြန်းခန်းအတွက် ခင်ဗျားလည်း စိတ်လှုပ်ရှားနေသလို ကျနော်လည်း စိတ်လှုပ်ရှားတယ်။ ဒါက အတော် ပျော်စရာပဲ” လို့ ပြောပါတယ်။ အိုဘားမားကလည်း “တကယ်လို့ ခင်ဗျားလိုချင်တယ်ဆိုရင် ကျနော်က ခင်ဗျားကို ပေးပါ့မယ်” လို့ ပြန်ပြောခဲ့ပါတယ်။ တော်ဝင်မင်းသား ဟယ်ရီဟာ BBC Radio 4 ရဲ့ Today Programme ရဲ့ ဧည့်သည်တော် တည်းဖြတ်သူလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up