ပြင်သစ်လူငယ် အကောင်းဆုံးကစားသမားဆု ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး အမ်ဘာပေးရရှိ

1.5K
ပြင်သစ်ဘောလုံးအစီအစဉ် Telefoot ကချီးမြှင့်တဲ့ ပြင်သစ်လူငယ်အကောင်းဆုံး ကစားသမားဆုကို ပီအက်စ်ဂျီအသင်းရဲ့လူငယ်တိုက်စစ်မှူး အမ်ဘာပေးက ရရှိသွားပါတယ်။
အဲဒီဆုရမယ်လို့ ရေပန်းစားနေသူတွေထဲမှာ မန်ယူအသင်းရဲ့ကစားသမား မာရှယ်နဲ့ မာဆေး ကွင်းလယ်ကစားသမား မက်ဆီလိုပတ်စ်တို့ကိုကျော်ပြီး ဘတ်ပေးက ရရှိသွားတာပါ။
အသက် ၁၈ နှစ် အရွယ် အမ်ဘာပေးဟာ အခုနှစ်မှာ မိုနာကိုအသင်းကနေ ပီအက်စ်ဂျီ အသင်းကို ရောက်ရှိခဲ့ပြီး ၁၃ ပွဲ ကစား ၇ ဂိုးသွင်းပေးထားသူပါ။
သူဟာ ၂၀၁၄ မှာ ပြင်သစ်လက်ရွေးစင် ယူ-၁၇ ၊ ၂၀၁၆ မှာ ယူ-၁၉ နဲ့ ၂၀၁၇ မှာတော့ ပြင်သစ်လက်ရွေးစင် ဖြစ်လာသူပါ။ သူဟာနိုင်ငံအတွက် ၁၀ ပွဲ ကစားပေးထားပြီး ၁ ဂိုးသွင်းထားပါတယ်။