A d v e r t i s e m e n t With Us

နှစ်လယ်ကျောက်မျက်ရတနာပြပွဲတွင် ၃ ရက်အတွင်း ယူရို သန်း ၉၀ ဖိုးရောင်းချရ

  နေပြည်တော်မှာကျင်းပနေတဲ့ နှစ်လယ်ကျောက်မျက်ရတနာ ပြပွဲက သုံးရက်တာ ရောင်းရငွေဟာ ယူရို သန်း ၉၀ လောက် (မြန်မာ ကျပ်သန်းပေါင်း တသိန်းခွဲလောက်) ရှိတယ်လို့ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရဲ့ သတင်းတွေအရ သိရပါတယ်။ ပြပွဲ ၆ ရက်မြောက်နေ့ဖြစ်တဲ့ မနေ့က ကျောက်စိမ်းအတွဲပေါင်း ၁၁၅၀ ကို အိတ်ဖွင့် တင်ဒါစနစ် နဲ့ရောင်းချရာမှာ ၈၁၃ တွဲကို ယူရို ၅၀ ဒသမ ၀၁၉ သန်း (မြန်မာကျပ်သန်းပေါင်း ၈၀၄၃၀)နဲ့ ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁၆ ရက်က ကျောက်စိမ်းအတွဲပေါင်း ၉၆၇ တွဲကို ယူရို ၃၇ ဒသမ ၀၂၁ သန်း၊ ဒီဇင်ဘာ ၁၅ ရက်နေ့က ကျောက်မျက် ၃၂ တွဲကို ယူရို ဒသမ ၇၆ သန်းနဲ့ ရောင်းချနိုင်ခဲ့တာကြောင့် စုစုပေါင်း ယူရို ၈၇ ဒသမ ၈ သန်း (မြန်မာကျပ်ငွေ ကျပ်သန်းပေါင်း ၁၄၁၁၈၂ သန်းကျော်) ရရှိထားတာပါ။ ဒီပြပွဲကို ပြည်တွင်းပြည်ပ ကျောက်မျက်ကုန်သည်ပေါင်း ၅၀၀၀လောက် ရောက်နေတယ်လို့လည်း ဆိုပါတယ်။ နှစ်လယ် ကျောက်မျက်ပြပွဲကို ဒီဇင်ဘာ ၁၂ ရက်ကနေ ၂၁ ရက်နေ့အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမမှာ ပြုလုပ်နေတာပါ။

A d v e r t i s e m e n t With Us

More News
Up