လက်ဘနွန်နိုင်ငံတွင် ဗြိတိန်သံရုံး အမျိုးသမီးဝန်ထမ်း လည်ပင်းညှစ်အသတ်ခံရ

1.5K
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ရှိ ဗြိတိန်သံရုံးမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးဝန်ထမ်း တဦးဟာ သတ်ဖြတ်ခံခဲ့ရတယ်လို့ လုံခြုံရေးရင်းမြစ်တွေက ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ပြောပါတယ်။
ရေဗက္ကာဒိုက်စ် ဆိုသူ ဗြိတိန် အမျိုးသမီးဟာ လည်ပင်းညှစ်သတ်ခံရပြီး သူ့အလောင်းကို ဘေရွတ်မြို့ပြင် အဝေးပြေးကားလမ်းမဘေးမှာ ဒီဇင်ဘာလ ၁၆ ရက်နေ့က တွေ့ရှိခဲ့ရပါတယ်။
အဲဒီအတွက် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက အသတ်ခံရသူ ရေဗက္ကာဒိုက်စ်ရဲ့ မိသားစုဝင်တွေကို အကြောင်းကြားခဲ့ပေမယ့် အသတ်ခံရတဲ့ အကြောင်းရင်းကိုတော့ အသေးစိတ်ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။
ရေဗက္ကာရဲ့ မိသားစုကတော့ ရေဗက္ကာကို ဆုံးရှုံးခဲ့ရတဲ့အတွက် ထိခိုက်ခံစားရပြီး အဖြစ်မှန်ကို သိရှိဖို့ တတ်နိုင်သမျှ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။