ဘရာဇီးလက်ရွေးစင်ကစားသမားဟောင်း ကာကာ ဘောလုံးသမားဘ၀မှ အနားယူ

1.5K
ဘရာဇီး၊ အေစီမီလန်နဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်သမားဟောင်း ကာကာက ဘောလုံးသမားဘ၀ကနေ အနားယူလိုက်ပြီ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
အသက် ၃၅ နှစ်အရွယ် ဘရာဇီးဘောလုံးသမားဟာ ဆာပေါ်လိုအသင်းနဲ့ ကစားသမားဘ၀ကို စတင်ခဲ့ပြီး အမေရိကန် မေဂျာလိဂ်ကလပ် MLS အော်လန်ဒို စီးတီးအသင်းမှာ နောက်ဆုံးကစားပြီး အနားယူခဲ့တာပါ။
ကာကာဟာ ကမ္ဘာ့ဖလား၊ ချန်ပီယံလိဂ်ဖလားနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဘယ်လွန်းဒီအော် ၃ ဆုကို တပြိုင်တည်းရတဲ့ ကစားသမား ၈ ယောက်ထဲမှာ တယောက် အပါအ၀င် ဖြစ်ပါတယ်။
ဘရာဇီး ကွင်းလယ်သမား ကာကာဟာ မီလန်မှာ ကစားတုန်းကခြေစွမ်းပြနိုင်ခဲ့လို့ ၂၀၀၉ မှာ အဲဒီအချိန်က စံချိန်တင်ပြောင်းရွေ့ကြေး ပေါင် ၅၆ သန်းနဲ့ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိ ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ ဒူးဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပြီးနောက် ၂၀၁၃ မှာ မီလန်ကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။