A d v e r t i s e m e n t With Us

ဒိန်းမတ်ရုပ်သံသတင်းထောက် ၂ ဦး ဂါဘွန်နိုင်ငံတွင် ဓားထိုးခံရ

အာဖရိကအနောက်ပိုင်းက ဂါဘွန်နိုင်ငံ လစ်ဘရေဗေလီမြို့ထဲမှာ  ဒီဇင်ဘာ ၁၆ရက်နေ့က  ဒိန်းမတ်နိုင်ငံသား ရုပ်သံ သတင်းထောက် ၂ ဦး ဓားနဲ့ထိုးတာခံခဲ့ရတဲ့အတွက် ဈေးထဲက ဒါဇင်နဲ့ချီတဲ့လူတွေကို ရဲက လိုက်လံစုံစမ်းမေးမြန်းနေပါတယ်။ National Geographic ရုပ်သံဌာနအတွက် အလုပ်လုပ်နေတဲ့ ဒိန်းမတ်သတင်းထောက် ၂ ယောက်ကို နိုက်ဂျာနိုင်ငံသား တိုက်ခိုက်သူက ဓားနဲ့ထိုးရင်း အလာဟူအက္ကဘာ (ကိုယ်တော်ရှင်မြတ်သာအကြီးကျယ်ဆုံး) လို့ အော်ခဲ့တယ်လို့ ဂါဘွန် ကာကွယ်ရေးဝန်ကြီးက အစိုးရရုပ်သံကနေ ကြေညာချက် ထုတ်ပြန်ပါတယ်။ အသက် ၅၃ နှစ်အရွယ် သံသယရှိသူဟာ ဂါဘွန်နိုင်ငံမှာ နေထိုင်တာ နှစ်၂၀ ရှိပြီလို့ဆိုပါတယ်။ ဂျေရုဆလင်မြို့ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုတဲ့ အမေရိကန်ကို လက်စားချေ တိုက်ခိုက်တာလို့ သူ့ကို ဖမ်းအပြီးမှာ အာဏာပိုင်တွေကို ပြောတဲ့အကြောင်း ကာကွယ်ရေး ဝန်ကြီးက ပြန်ပြောပြပါတယ်။ သတင်းထောက် ၂ ယောက်ဟာ လီဘရေဗေလီမြို့က တပ်မတော်ဆေးရုံမှာ ဆေးကုသခံယူရင်း အခြေအနေ တည်ငြိမ်တယ်လို့သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up