မန်ယူအသင်း ၀က်စ်ဘရွန်းကို ၂-၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

1.6K
မနေ့ညက ကန်သွားတဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က ၀က်စ်ဘရွန်းအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မန်ယူအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားသွားခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးတွေကို ပထမပိုင်းပွဲချိန် ၂၇ မိနစ်မှာ လူကာကူးက ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး ပွဲချိန် ၃၅ မိနစ်မှာ လင်းဂတ်က ဒုတိယအနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာ မန်ယူအသင်းဂိုးထပ်မသွင်းယူနိုင်တော့ဘဲ ၀က်စ်ဘရွန်းအသင်းက ဘယ်ရီက ပွဲချိန် ၇၇ မိနစ်မှာ ချေပဂိုးတဂိုးသွင်းယူပေးခဲ့ပါတယ်။
မန်ယူအသင်းဟာ ဇယားထိပ်က မန်စီးတီးနဲ့ ၁၁ မှတ်ပြတ်နေပေမယ့် ပွဲစဉ်တိုင်းကို အနိုင်ရဖို့ကြိုးစားသွားမယ်၊ နောက်ဆုံးပွဲစဉ်အထိတိုက်ပွဲဝင်သွားမယ်လို့ မန်ယူနည်းပြ မော်ရင်ဟိုကပြောပါတယ်။