A d v e r t i s e m e n t With Us

ရန်ကုန် အင်းစိန်မြို့နယ်တွင် ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော် (သတင်းဓာတ်ပုံ)

၂၇၅၇ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ မဟာဆေး ဝင်္ကပါအာလိန်ငါးဆင့်ကျောင်းမှာ ကျင်းပရာမှာ သောင်းနဲ့ချီတဲ့ ကရင်တိုင်းရင်းသားတွေ ပါဝင်ဆင်နွှဲနေကြပါတယ်။ အဲဒီအခမ်းအနားကို ကရင်အမျိုးသားပွဲတော် ကျင်းပရေးဗဟိုကော်မတီ (မဟာရန်ကုန်)က ဦးဆောင်ပြီး ကရင်တမျိုးသားလုံးညီညွတ်ရေး၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးနဲ့ ကရင့်ယဉ်ကျေးမှု အမွေအနှစ်တွေကို ဖော်ထုတ်ထိန်းသိမ်းနိုင်ဖို့အတွက် ကျင်းပတာဖြစ်ပါတယ်။ အဲဒီပွဲမှာတော့ ကရင်အမျိုးသား အလံတင်အခမ်းအနားနဲ့ အလံတော် အလေးပြု အခမ်းအနားကို မနက် ၆ နာရီမှာပြုလုပ်ပြီး၊ နှစ်သစ်ကူး ဟောပြောမှုတွေနဲ့အတူ အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ထူးချွန်အောင်မြင်ခဲ့တဲ့ ဂုဏ်ထူးရ ကျောင်းသား ၁၇၀ ကျော်ကိုလည်း ဆုတွေချီးမြှင့်ခဲ့ပါတယ်။ အဲဒီအခမ်းအနားကို တက်ရောက်ဖို့ တိုင်းရင်းသားတွေက မနက် ၃ နာရီကတည်းက လာရောက်ကြတာဖြစ်ပြီး အခမ်းအနားကို ကရင်တိုင်းရင်းသား ၁ သောင်းကျော် တက်ရောက်ခဲ့ပါတယ်။ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို မြန်မာတနိုင်ငံလုံးမှာ ကျင်းပတာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှာတော့ တိုင်းရင်းသားကျေးရွာ၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ ကွမ်းခြံကုန်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အလုံ စတဲ့ မြို့နယ်တွေမှာ ကျင်းပခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up