A d v e r t i s e m e n t With Us

စကျင်ကျောက်ဘုရားရုပ်တုများ ပြည်ပက ဝယ်ယူမှု လျော့နည်းလာ

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စကျင်တောင်ကနေ ထွက်ရှိတဲ့ စကျင်ကျောက်တွေဟာ ရှားပါးလာပြီး အရင်နှစ်တွေကထက် စကျင်ကျောက်ဈေးနှုန်း မြင့်တက်မှုတွေ ရှိတယ်လို့ သိရပါတယ်။ မန္တလေးမြို့ ဘုရားကြီးကျောက်ဆစ်တန်း နေရာတွေမှာ စကျင်ကျောက်နဲ့ ဘုရားပုံတော်တွေ ပုံတူရုပ်တုတွေကို အဓိကထုလုပ်ကြတာဖြစ်ပြီး စကျင်ကျောက်ဘုရားတွေကို တရုတ်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေက ကုန်သည်တွေ လာရောက်ဝယ်ယူမှုတွေ ရှိပါတယ်။ ၂၀၁၇ နှစ်စပိုင်းကနေ ပြည်ပနိုင်ငံတွေကနေ လာရောက်ဝယ်ယူမှု နည်းပါးလာသလို ပြည်တွင်းမှာလည်း အရောင်းအဝယ် ဈေးကွက်အေးနေတယ်လို့ စကျင်ကျောက် အရောင်းအဝယ် လုပ်ကိုင်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up