A d v e r t i s e m e n t With Us

မြောက်ကိုရီးယား အစိုးရကိုယ်စား လက်နက်မှောင်ခိုလုပ်သူတဦးကို သြစတြေလျရဲ ဖမ်းဆီး

မြောက်ကိုရီးယား အစိုးရကိုယ်စား ဒုံးကျည်အစိတ်အပိုင်းတွေနဲ့ ကျောက်မီးသွေးတွေ ရောင်းဖို့ မှောင်ခိုဈေးကွက်မှာ အလုပ်လုပ်နေတယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသားတယောက်ကို ဖမ်းဆီးထားတယ်လို့ သြစတြေးလျရဲတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်တဲ့ လက်နက်တွေ ရောင်းဝယ်ရေးနဲ့ ပတ်သက်ပြီး သြစတြေးလျနိုင်ငံထဲမှာ ပထမဆုံး တရားစွဲမှုလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားကို ကုလသမဂ္ဂနဲ့ သြစတြေးလျတို့က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ဥပဒေအောက်မှာ အမှု ၄ မှု၊ အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်တဲ့ လက်နက်တွေ မပြန့်ပွားအောင် ဟန့်တားရေး ဥပဒေအောက်မှာ အမှု ၂ မှုနဲ့ သူ့ကို တရားစွဲထားတယ်လို့ ရဲတွေက ပြောပါတယ်။ သူဟာ အသက် ၅၉ နှစ်အရွယ် ချန်ဟန်ချိုးဆိုသူ ဆစ်ဒနီမြို့မှာ နေထိုင်သူ ဖြစ်တယ်။ သူဟာ သြစတြေးလျမှာ အနှစ် ၃၀ ကျော် နေထိုင်လာခဲ့တဲ့ ကိုရီးယားလူမျိုး ဖြစ်တယ်လို့ သြစတြေးလျ ရုပ်သံမီဒီယာတွေမှာ ဖော်ပြပါတယ်။ သူ့ကို ဆစ်ဒနီမြို့ ဆင်ခြေဖုံးက အိစ်ဝုဒ် ရပ်ကွက်မှာ စနေနေ့က ဖမ်းမိခဲ့ပြီး တနင်္ဂနွေ နှောင်းပိုင်းမှာ တရားရုံးကို ရင်ဆိုင်ရလိမ့်မယ်လို့ ရဲတွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up