A d v e r t i s e m e n t With Us

ဘာစီလိုနာ ကွင်းလယ်လူ အင်နီယေစတာ တရုတ်စူပါလိဂ်ကခေါ်ယူမှုအား ငြင်းပယ်

   
ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား အင်နီယေစတာဟာ တရုတ်စူပါလိဂ်က ပြောင်း​ရွှေ့​ကြေး ​ငွေ​ကြေး အ​မြောက်​အမြား​ပေးပြီး​ခေါ်ယူခဲ့တာကို ပယ်ချလိုက်ပါတယ်​။ အသက်​ ၃၃ နှစ်​အရွယ်​ရှိ အင်​နီ​ယေစတာဟာ ဘာစီလိုနာအသင်းရဲ့ ငယ်​​မွေးခြံ​ပေါက်​ ကစားသမားဖြစ်​ပြီး​တော့ အသင်းကြီးမှာ ၂၀၀၂ ခုနှစ်​ကတည်းက စတင်​ကစားလာခဲ့သူလည်း ဖြစ်​ပါတယ်​။ လိဂ်​ကိုအဆင့်​မြှင့်​တင်နေတဲ့ တရုတ်​စူပါလိဂ်​က ကလပ်​အသင်းကြီးအများစုဟာ အင်​နီ​ယေစတာလို အ​တွေ့အကြုံရင့်​ ကစားသမားတ​ဦးကို လာ​ရောက်​ကစား​စေလိုတာလည်း ဖြစ်​ပါတယ်​။ အင်​နီ​ယေစတာဟာ ဘာစီလိုနာအသင်းအတွက်​ လာလီဂါဖလား ၈ ကြိမ်​၊ ချန်​ပီယံလိဂ်​ဖလား ၄ ကြိမ်၊ ကိုပါဒယ်​​ရေးဖလား ၅ ကြိမ်​ နဲ့ အခြား​သော ဆုဖလား​တွေများစွာ ရရှိထားခဲ့ပါတယ်​။ ဘာစီလိုနာအသင်း​ဖော်​ မာ​ရှေးယာနိုက​တော့ တရုတ်​စူပါလိဂ်​ကို ​ပြောင်း​ရွှေ့ဖို့​ သ​ဘောတူညီခဲ့တယ်​လို့ သိရပါတယ်​။
 

A d v e r t i s e m e n t With Us

More News
Up