ပရီးမီးယားလိဂ် အသင်းကြီးများနှင့်တွေ့ဆုံမှုတွင် ရှုံးပွဲမရှိသေးသည့် မန်စီးတီး
မန်စီးတီးအသင်းဟာ အခုနှစ်ရာသီအတွက် ပရီးမီးယားလိဂ်အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှု ၆ ပွဲမှာ ၁၅ ဂိုးထိရရှိပြီး ၃ ဂိုးသာပေးထားခဲ့ရပါတယ်။
လီဗာပူးအသင်းကို ၅ ဂိုး၊ ချဲလ်ဆီးအသင်းကို ၁ ဂိုး၊ အာဆင်နယ်အသင်းကို ၃ ဂိုး ၁ ဂိုး၊ မန်ချက်စတာယူနိုက်တက်အသင်းကို ၂ ဂိုး ၁ ဂိုး၊ စပါးအသင်းကို ၄ ဂိုး ၁ ဂိုး စတဲ့ရလဒ်ကောင်းတွေ စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒါဟာ မန်စီးတီးအသင်းအတွက် အကောင်းဆုံးစွမ်းဆောင်မှုဖြစ်ပြီးတော့ ၁၈ ပွဲဆက် ရှုံးပွဲမရှိသေးသလို ဂိုးကွာခြားချက် ၄၄ ဂိုးထိ ရရှိထားခဲ့ပါတယ်။
လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာက မန်ချက်စတာယူနိုက်တက် အသင်းကို တစ်ပွဲအသာ ၁၄ မှတ်ကျော်ဖြတ်ပြီး ဦးဆောင်နေခဲ့ပါတယ်။