A d v e r t i s e m e n t With Us

စာပေညီလာခံတွင်  စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက်အဆိုပြုလွှာ ၄၀ အတည်ပြု

  ရန်ကုန်မှာ ကျင်းပပြီးစီးသွားတဲ့ ၂၀၁၇ စာပေပညီလာခံမှာ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပြုလွှာပေါင်း ၄၀ ကိုတင်သွင်းခဲ့ပြီး အစိုးရကို တင်ပြသွားဖို့ရှိပါတယ်။ စာပေညီလာခံအတွင်းမှာ  မြန်မာစာအရေးအသား၊ စာကြည့်တိုက်၊ စာအုပ်စာပေဖွံ့ဖြိုးရေး၊ စာအုပ်ထုတ်ဝေရေး၊ ဘာသာပြန်စာပေ၊ အမျိုးသားစာပေဆုစတဲ့ အကြောင်းအရာ  ခေါင်းစဉ် ၅၄ ခုကို စာပေစကားဝိုင်းတွေကျင်းပ လွတ်လပ်စွာဆွေးနွေးခဲ့ကြပြီး  ဆွေးနွေးပွဲရလဒ်တွေကို စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပြုလွှာ ၄၀ကို ရွေးချယ်ခဲ့ကြပါတယ်။ အဲဒီအဆိုပြုလွှာတွေကို မဲခွဲဆန္ဒခံယူပွဲပြုလုပ် အတည်ပြုခဲ့ပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာနနဲ့  သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ဆက်လက်တင်ပြ တောင်းဆိုသွားမယ်လို့ ၂၀၁၇ခုနှစ်စာပေညီလာခံဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးကပြောပါတယ်။ စာပေညီလာခံမှာ ဆွေးနွေးဖို့ အခန်းပေါင်း ၄ ခန်း စီစဉ်ထားပြီး တခန်းမှာ တနေ့ ၃ကြိမ် စကားဝိုင်းတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီစကားဝိုင်းတွေကနေ တဆင့် အဆိုပြုတဲ့ အချက်တွေကို လွတ်လပ်တဲ့ စာပေညီလာခံဖြစ်တာနဲ့ အညီ ကန့်သတ်ချက်မရှိ တင်သွင်းခွင့်ပြု ထားတယ်လို့လည်း ဦးအောင်စိုးကပြောပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေဖြင့်ကတော့ ဝန်ကြီးဌာနအနေနဲ့ ဒီညီလာခံကနေရရှိလာတဲ့ အဆိုပြုလွှာတွေကို အလေးထားဆောင်ရွက်မယ်လို့ ပြောပါတယ်။ စာပေညီလာခံကို  “လွတ်လပ်သောစာပေ၊ လွတ်လပ်သော အသံ ” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၊ မင်းဓမ္မလမ်းရှိ MCCခန်းမမှာ ဒီဇင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ ၄ ရက်ကြာ ကျင်းပခဲ့တာဖြစ်ပါတယ်။ အစိုးရသစ်လက်ထက်မှာပထမဆုံးအကြိမ်ကျင်းပတဲ့ စာပေညီလာခံ၂၀၁၇ကို စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာတွေကို ကိုယ်စားပြုတဲ့ အသင်းအဖွဲ့တွေနဲ့ ပြည်နယ်နဲ့ တိုင်းအသီးသီးမှ စာပေပညာရှင်တွေ ၊ စာရေးဆရာတွေနဲ့ စာဖတ်ပရိတ်သတ်တွေ အများအပြား တက်ရောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ-MOI

A d v e r t i s e m e n t With Us

More News
Up