ပါကစ္စတန်တွင် ခရစ်ယာန် ဘုရားကျောင်း ဗုံးခွဲတိုက်ခိုက်ခံရ၍ အနည်းဆုံး ၅ ဦးသေဆုံး

2.1K
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ခရစ်ယာန် ဘုရားကျောင်းတခုကို သေနတ်သမားတွေက ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ အသေခံဗုံးဖောက်ခွဲပြီး ၀တ်ပြုသူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ အနည်းဆုံး လူ ၅ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။
သေနတ်သမားနှစ်ဦးဟာ တနင်္ဂနွေနေ့ ၀တ်ပြုချိန်အတွင်း မက်သဒစ်ခရစ်ယာန် ဘုရားကျောင်းထဲကို တဟုန်ထိုးဝင်ရောက်ပြီး ဗုံးခွဲပစ်ခတ်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီး ဆာရက်ဖ်-ဘတ်တီက ပြောကြားခဲ့ပါတယ်။
အာဖဂန်နစ္စတန်နယ်စပ်နဲ့ မိုင် ၄၀လောက်အကွာ ကွီရက်တာမြို့မှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူ ၇ ဦးလောက်ရှိနေပြီး ၂၀လောက်ဒဏ်ရာရတယ်လို့ စီအန်အန်သတင်းမှာ ဖော်ပြပါတယ်။
ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ဘုရားကျောင်းအတွင်းကို ၀င်ရောက်ဖို့ ကြိုးပမ်းခဲ့ပြီး သေနတ်သမားတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။