Home
မြန်မာသတင်း
ပင်လုံတွင်ကျင်းပမည့်​​ရှမ်းအမျိုးသားနိုင်​ငံ​ရေး​ဆွေး​နွေးပွဲအကြို လူထု​တွေ့ဆုံပွဲကိုစစ်​တပ်​တားဆီး
DVB
·
December 17, 2017
25399062_1969448053312461_7410038562542527792_n
25396168_1969448153312451_3237086069094407490_n
25354085_1969448103312456_3327238521128650459_n
25348541_1969448106645789_1857684472043346908_n
ရှမ်းပြည်နယ် ပင်​လုံမြို့မှာ ဒီကနေ့ ပြုလုပ်မယ့် ရှမ်းအမျိုးသားနိုင်​ငံ​ရေး​ဆွေး​နွေးပွဲအကြို ပထမဆုံးအကြိမ် ​လူထု​တွေ့ဆုံပွဲပိတ်ပင်တားဆီးခံခဲ့ရပါတယ်​။ အန်စီအေစာချုပ်​အရ အစိုးရနဲ့ သဘောတူထားတဲ့ လာမယ့် ဇန်​နဝါရီ လင်း​ခေးမှာပြုလုပ်​မယ့် နိုင်​ငံ​ရေး​ဆွေး​နွေးပွဲအတွက်​ လူထု​တွေဆုံပွဲပြုလုပ်​တာကို လွိုင်​လင်​တိုက်​နယ်​ဗိုလ်​မှူးကြီး ​အောင်​​ဌေး ကိုယ်​တိုင်​လာ​ရောက်​ဟန့်​တားတယ်​လို့ သိရပါတယ်​။ RCSS ​တောင်​ကြီး ဆက်​ဆံ​ရေးရုံးတာဝန်​ခံ ဗိုလ်​မှူးကြီး စိုင်းဦးက “အမှန်​လင်း​ခေးမှာ လုပ်​မယ်​ဆိုကတည်းက ခွင့်ပြုချက်​ရပြီးသား၊ NCA လမ်းစဉ်​အတိုင်း ကျ​နော်​တို့သွား​နေတာ​ပေါ့။ လင်း​ခေးမှာလုပ်​မယ့်ပွဲကို လူထုကိုရှင်းပြဖို့ပါ။ အခုလို တားဆီး ခံရ​တော့ ငြိမ်းချမ်း​ရေးလုပ်​ငန်းစဉ်​ အဟန့်​အတား ဖြစ်​​စေတယ်​”လို့ ​ပြောပါတယ်​။ လူထု​တွေ့ဆုံပွဲ မပြုလုပ်​ဖို့ ရောက်ရှိနေတဲ့ လူတချို့ကိုလည်း ပြန်​ခိုင်းပြီး ​တွေ့ဆုံပွဲ မလုပ်​ဖို့လည်း တားဆီးလိုက်​တယ်​လို့ သိရပါတယ်​။ ရှမ်းလူမျိုးအလိုက်အမျိုးသားအဆင့် ​နိုင်​ငံ​ရေး​ဆွေး​နွေးပွဲကို  လာမယ့်​ ဇန်​နဝါရီလမှာ လင်း​ခေးမှာ ပြုလုပ်​ခွင့်​ရတဲ့အတွက် စီစဉ်ထားတဲ့အတိုင်း​ ပြုလုပ်​သွားမယ်လို့ သိရပါတယ်​။ ခွန်​ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024