Home
မြန်မာသတင်း
မောင်​​တော​ဒေသ ပြန်​လည်​ထူ​ထောင်ရေး ၀န်ကြီးချုပ်များရခိုင်ပြည်နယ်သွားရောက်
DVB
·
December 17, 2017
25446395_2410851682386946_1495198603233323394_n
25498129_2410851429053638_7965042068878723846_n
25398966_2410851515720296_8707206302957155660_n
25398693_2410851399053641_393454772446602232_n
25396254_2410851799053601_8043351308513918970_n
25354165_2410851342386980_2019449163274581103_n
  ရခိုင်​ပြည်​နယ်​၊ ​မောင်​​တော​ဒေသ ပြန်​လည်​ထူ​ထောင်​​ရေးအတွက်​ ပြည်​နယ်​နဲ့ တိုင်း ၆ ခုက ၀န်ကြီးချုပ်တွေနဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ မောင်တောမြို့ကို ဒီနေ့ မနက်ပိုင်းက စစ်တွေမြို့မှတဆင့် ထွက်ခွာသွားပါတယ်။ ပြည်​နယ်​နဲ့တိုင်း ၆ ခုတို့မှ အစိုးရအဖွဲ့ ဝန်​ကြီးချုပ်​တွေနဲ့ အစိုးရအဖွဲ့ဝင်​ဝန်​ကြီးတွေ တာဝန်​ရှိသူတွေဟာ​ ​​မောင်​​တော​ဒေသသို့ သွား​ရောက်​ပြီး အိမ်​ရာနဲ့ စာသင်​​ကျောင်းတွေ တည်​​ဆောက်​​ပေးနိုင်​​ဖို့​ စစ်တွေမြို့ ဒီဇင်​ဘာလ ၁၆ ရက်​​နေ့က​ ရောက်ရှိခဲ့ကြတာပါ။ ​မောင်​​တော​ဒေသ ပြန်​လည်​ထူ​ထောင်​​ရေးအတွက်​ ​ရောက်​ရှိလာတဲ့ မန္တ​လေးတိုင်း​ ဒေသကြီး ဝန်​ကြီးချုပ်​ ​ဒေါက်​တာ ​ဇော်​မြင့်​​မောင်​၊ မ​ကွေးတိုင်း​ဒေသကြီးဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ အောင်​မိုးညို၊ စစ်​ကိုင်​တိုင်း​ဒေသကြီးဝန်​ကြီးချုပ်​ ​ဒေါက်​တာမြင့်​နိုင်​၊ ရှမ်းပြည်​နယ်​ဝန်​ကြီးချုပ်​ ​ဒေါက်​တာလင်းထွဋ်​၊ ကချင်​ပြည်​နယ်​ဝန်​ကြီးချုပ်​ ​ဒေါက်​တာ ခက်​​အောင်​၊ ချင်းပြည်​နယ်​ဝန်​ကြီးချုပ်​ ဆလိုင်း လျန်​လွယ်​၊ အစိုးရအဖွဲ့ဝင်​ဝန်​ကြီးတွေနဲ့ တာဝန်​ရှိသူတွေဟာ  ဒီနေ့ မနက်ပိုင်းက ​မောင်​​တော​ဒေသသို့ ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ-ဦးညီပု
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024