Home
မြန်မာသတင်း
သရက်ပင်ကျေးရွာတွင် ပိုက်ဆံ ကျပ် ၄၀၀၀ ကြောင့် လူသတ်မှုဖြစ်
DVB
·
December 17, 2017
  ကော့သောင်းမြို့နယ်၊ အော်ကြီးကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာမှာ ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက ပိုက်ဆံ ကျပ်ငွေ ၄၀၀၀ ခိုးယူတယ်လို့ဆိုပြီး သူငယ်ချင်းအချင်းချင်း စကားများရာက လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သတင်းအရ ကော့သောင်းမြို့မ စခန်းမှူး ဦးစီးအဖွဲ့က အခင်းဖြစ်နေရာကိုသွား ရောက်စစ်ဆေးခဲ့ရာ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးသူမှာ ထွန်းရင် ဖြစ်ပြီး သတ်ဖြတ်ခဲ့သူမှာ မုန်းချစ် ဖြစ်တယ်လို့ တရားခံကိုယ်တိုင်က ၀န်ခံထွက်ဆိုခဲ့ပါတယ်။ “ကျနော်ခြံထဲက ဖြူတကောင်ရလာလို့ ဖြူသားအချို့ကိုရောင်း လိုက်တာ ၇၅၀၀ ရတယ်။ ဆန်နဲ့ဆီ ဝယ်တာက ၃၅၀၀၊ ပိုတဲ့ပိုက်ဆံကိုလွယ်အိပ်ထဲထည့်ပြီး အိမ်ပေါ်တင်ထားခဲ့တယ်။ ကျန်တဲ့ဖြူသားကိုချက်ပြီး ကျနော်နဲ့အတူနေတဲ့ ထွန်းရင်နဲ့ အရက်အတူ သောက်လိုက်တာ တော်တော်မူးသွားတယ်။ ထွန်းရင်က အရက်သောက်ပြီး အိမ်ပေါ်ကဆင်း သွားတော့ လွယ်အိပ်ထဲက ပိုက်ဆံ ၄၀၀၀ ကိုပြန်ကြည်တာ မတွေ့တော့ဘူး။ တအိမ်လုံးမှ ၂ ယောက်ထဲရှိတာ ဒီကောင်မယူလို့ ဘယ်ကောင် ယူမလဲ။ အိမ်မှာအိပ် အိမ်မှာစား အိမ်ကပိုက်ဆံပါထပ်ခိုးတယ်ဆိုတော့ ကျနော် ဒေါသထွက်ပြီး ဖြူသားဖျက်ဖို့သေခြာသွေးထားတဲ့ ဓားကိုယူပြီး နောက်ကလိုက်မေးတာကို ဒီကောင်ကကောင်းကောင်းမဖြေတာနဲ့ ဓားနဲ့လည် လှီးမယ်လို့လုပ်လိုက်တာ ရုန်းရင်းကန်ရင်းနဲ့ တကယ် လှီးမိပြီးလက်လွန်သွားတယ်။” လို့ မုန်းချစ်က ၀န်ခံထွက်ဆို ခဲ့ပါတယ်။ ကော့သောင်းရဲစခန်းက လူသတ်မှုကျူးလွန်သူ မုန်းချစ်ကို ရာဇသတ်ကြီးပုဒ်မပုဒ်မ-၃၀၂ အမှုဖွင့် အရေးယူထားတယ်လို့ မြို့မရဲစခန်း တာဝန်ရှိသူ ကပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024