လက်နက်မှောင်ခို အကျဉ်းသား ၃၀ ကျော်ကို ထိုင်းစစ်တပ်တွင် တာဝန်ထမ်းရန်ခေါ်ယူမည်

ထိုင်းနိုင်ငံမှာ တရားမ၀င်လက်နက်မှောင်ခိုမှုတွေနဲ့ ပြစ်ဒဏ်ကျခံခဲ့ရတဲ့ အကျဉ်းသား ၃၃ ဦးကို စစ်တပ်မှာ တာဝန်ထမ်းဆောင်စေဖို့ ခေါ်ယူသွားမယ်လို့ တရားရေးဝန်ကြီး ပရာဂျင် ဂျန်ထောင်းက ပြောပါတယ်။ ဒါဟာ တရားမ၀င် လက်နက်ထုတ်လုပ်တာ၊ ဒါမှမဟုတ် မွမ်းမံရောင်းချမှုတွေကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသူ အကျဉ်းသားတွေကို လူ့အဖွဲ့အစည်းဆီ တကျော့ပြန်လာစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပြစ်မှုတွေကြောင့် ကနဦးပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၇၀ ဦးထဲမှ ၃၃ ဦးကို ရွေးချယ်သွားမှာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖော်ပြပါတယ်။ အစိုးရအနေနဲ့ အဲဒီအကျဉ်းသား ၃၃ ဦးထဲမှ ၂၀ ဦးကို ကျွမ်းကျင်ပညာရှင်တွေအဖြစ်၊ ကျန်တဲ့ ၁၃ ဦးကို အထွေထွေလုပ်သားတွေအဖြစ် ခန့်အပ်မှာဖြစ်တယ်လို့ ၀န်ကြီးက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အကျဉ်းသား ၃ သိန်း ၂ သောင်းကျော်ရှိ နေပြီး ပြန်လည်ထူထောင်ရေးစခန်းတွေမှာတော့ ၁ သောင်း ၄ ထောင်လောက်ရှိနေတာ ဖြစ်ပါတယ်။ အကျဉ်းသား ၁၃၀၀ လောက်ကိုသာ ထောင်ဝါဒါတွေအဖြစ် အလုပ်ခန့်နိုင်သေးတယ်လို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် နရက်တ်ဆ၀ီတနန့်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up