A d v e r t i s e m e n t With Us

ခင်​ပွန်းအ​ယောင်​​ဆောင်​ကာ အလိုမတူဘဲသားမယားပြုကျင့်မှု ပေါင်မြို့နယ်တွင်ဖြစ်​ပွား

  မွန်​ပြည်​နယ်​ ​ပေါင်​မြို့နယ်​ ကတိုက်​​ကျေးရွာမှာ ဒီဇင်ဘာ ၁၅ ရက် မနက် ၁ နာရီလောက်က ​​နေအိမ်​​မှာ မိသားစုနဲ့အတူ အိပ်​​ပျော်​​နေ​တဲ့အမျိုးသမီးကို ခင်​ပွန်းရဲ့ သူငယ်​ချင်းဖြစ်​သူက ခင်​ပွန်းသည်​အ​ယောင်​​ဆောင်​ကာ အလိုမတူဘဲ သားမယားပြုကျင့်မှုဖြစ်ပွားခဲ့တယ်လို့ ပေါင်ရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပေါင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “​ယောက်ျားအပြင်​သွား​နေတဲ့အချိန်​ က​လေးငယ် နဲ့အတူ အိပ်​​ပျော်​​နေတဲ့အမျိုးသမီးကို​ သူ့ယောက်ျားသူငယ်​ချင်းက အယောင်ဆောင်ကာ သားမယားပြုကျင့်ခဲ့တဲ့အတွက် ရဲစခန်းမှာ လာ​ရောက်​အမှုဖွင့် တိုင်​တန်းတာပါ။ ပြစ်​မှုကျုးလွန်​ ခဲ့တဲ့သူကိုဖမ်းဆီးပြီး စစ်​​ဆေး​နေပါတယ်​။ သက်​​သေခံပစ္စည်း​တွေလည်း ရရှိထားလို့ အမြန်ဆုံး တရားစွဲဆိုသွားမှာပါ”လို့ ပြောပါတယ်။ ပေါင်မြို့နယ်၊ ကတိုက်​​ကျေးရွာမှာ ​နေထိုင်​တဲ့ အသက်​ ၂၃ နှစ်​အရွယ် အမျိုးသမီးတစ်ဦး ဟာ ဒီဇင်ဘာ ၁၅ ရက်နေ့ မနက် ၁ နာရီလောက်က ​ခင်​ပွန်းဖြစ်​သူအပြင်​သို့ သွား​နေစဉ် ​​နေအိမ်​​ပေါ်မှာ ​မိခင်နဲ့အတူ​မောင်​နှမ ၃ဦးမှာ ​နေအိမ်​​ ဘုရားစင်​​ရှေ့မှာ အိပ်နေပြီး အမျိုးသမီးနဲ့ ၈ ​လသားအရွယ် ​သားဖြစ်​သူတို့မှာ ​နေအိမ်​တံခါးမကြီးအနီး အိပ်​​ပျော်​​နေတာပါ။ ဒီအချိန် ​နေအိမ်​​ပေါ်ကို လူတက်​လာသံကြားရပြီး ခင်​ပွန်းသည်ထင်​မှတ်​ကာ ထ​မကြည့်တော့ဘဲ အိပ်​​နေချိန်​မှာ ​အောင်​မင်းထိုက် ​(ခ) မွတ်​တူး (၃၄ နှစ်​)က ခြင်​​ထောင်​တွင်းသို့ ဝင်​​ရောက်ကာ အလိုမတူဘဲ သားမယားပြုကျင့်ခဲ့တဲ့အတွက် ရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့တာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။ အမှုနဲ့ပတ်သက်ပြီး အောင်မင်းထိုက်(ခ)မွတ်တူးကို ပေါင်မြို့မရဲစခန်းက (ပ)၃၅၃/၂၀၁၇၊ အလိုမတူသားမယားပြုကျင့်မှု ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ-၃၇၆ နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။ သတင်း - ယူမင်းစိုး

A d v e r t i s e m e n t With Us

More News
Up