Home
မြန်မာသတင်း
ထိတ်လန့်ဖွယ် တင်ဆက်မှုတွေနဲ့ Asia’s Got Talent မှာ ဒေါ်လာတသိန်းရသွားတဲ့ သရဲမလေး ရီယာနာ(ရုပ်သံ)
DVB
·
December 17, 2017
အခုနှစ်ရဲ့ Asia’s Got Talent ပြိုင်ပွဲမှာတော့ အင်ဒိုနီးရှားနိုင်ငံသူ ရီယာနာက ထိတ်လန့်စရာကောင်းတဲ့ သရုပ်ပြတင်ဆက်မှုတွေနဲ့ သရဖူဆောင်းသွားနိုင်ခဲ့ကာ ဆုကြေးငွေ အမေရိကန်ဒေါ်လာတသိန်းကို ရရှိသွားခဲ့ပါတယ်။ ပွဲစဉ်တလျှောက်မှာတော့ သူ့ကို The Sacred Riana လို့ သိခဲ့ကြပြီး အံ့သြစရာ ကောင်းတဲ့ ကြောက်စရာပြကွက်တွေနဲ့အတူ ဒိုင်တွေကိုရော ပရိတ်သတ်တွေကိုပါ ဖမ်း စားထားနိုင်ခဲ့တာပါ။ ဒီပြိုင်ပွဲတွေမှာ မြင်တွေ့ရခဲတဲ့ သမားရိုးကျ တင်ဆက်ပုံတွေကနေ ဖောက်ထွက်ပြီး သရဲတစ္ဆေတကောင်လို သရုပ်ပြမှုကြောင့် သူဟာ စုန်းမတယောက်လိုပဲ၊ မကောင်း ဆိုးဝါးတွေနဲ့ အဆက်အသွယ်ရှိနေတယ်လို့ စွပ်စွဲပြောနေကြရတဲ့ အထိကိုပဲ ဖြစ်ခဲ့ရပါ တယ်။ သူ့ရဲ့ မန်နေဂျာဖြစ်တဲ့ ဘိုးဗာနွန်ကတော့ “ရီယာနာဟာ အနိုင်ရရှိဖို့ စိတ်လှုပ်ရှား အံ့အားသင့်ခဲ့ရပါတယ်။ သူက တခြားသူတွေနဲ့အတူ သရုပ်ပြတင်ဆက်မှုတွေမျှဝေချင်တာမို့ ဒီအစီအစဉ်ကို ဆက်သွယ်ခဲ့တာပါ။ သူ့လို မှော်ဆန်ဆန်တင်ဆက်မှုမျိုး မြင်ဖူးကြမှာ မဟုတ်တဲ့အတွက် ရီယာနာကို ပရိတ်သတ်တွေက ချစ်ခင်အားပေးကြတာလို့ ကျ နော်ထင်ပါတယ်”လို့ ပြောပါတယ်။ ဒီသရုပ်ပြမှုရဲ့ အခက်အခဲနဲ့ ပတ်သက်ပြီး မေးမြန်းချိန်မှာလည်း ဗာနွန်က ရယ် ရယ်မောမောနဲ့ “သူ့သဘာဝက အေးဆေးတည်ငြိမ်တဲ့ မိန်းကလေးဆိုတော့ ဒါက လွယ် ကူပါတယ်။ သူက စကားများများပြောတဲ့ ပုံစံမျိုးမဟုတ်ဘူး”လို့ ပြောပါတယ်။ ဒါပေမယ့် ရီယာနာရဲ့ အသက်က ဘယ်လောက်လဲဆိုတာကိုတော့ သူက မပြောခဲ့ ပါဘူး။ ဘာလို့လဲဆိုတော့ The Sacred Riana လို့ ပြောလိုက်ရင် အသက် ၁၀၀ ကျော် ရှိနေပြီဖြစ်တယ်လို့ ဖော်ပြထားခဲ့လို့ပါပဲ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024