A d v e r t i s e m e n t With Us

ဖိလစ်ပိုင်ရုပ်သံပွဲတော်ဆုရ အမျိုးသမီးဒါရိုက်တာကျော်နှင်းဆီကို ရုပ်ရှင်အစည်းအရုံးဂုဏ်ပြု

  ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ  ကျင်းပခဲ့တဲ့ ကလေးသူငယ်များဆိုင်ရာ ရုပ်သံအစီအစဉ် ပွဲတော်မှာ ဆုရရှိခဲ့တဲ့ အမျိုးသမီးဒါရိုက်တာကျော်နှင်းဆီကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက  ဂုဏ်ပြုဆုပေးအပ်ခဲ့ပါတယ်။ ပထမအကြိမ်ကျင်းပတဲ့ အရှေ့တောင်အာရှ ကလေးရုပ်သံပြိုင်ပွဲ(South East AsiaPrix Jeunesse) (SEAPJ) ပွဲတော်မှာ မြန်မာနိုင်ငံက ဒါရိုက်တာကျော်နှင်းဆီ ရိုက်ကူးထားတဲ့ သနပ်ခါးရနံ့လေး အစဉ်မွှေးစေလို ဇာတ်လမ်းတိုနဲ့ပထမဆုရရှိခဲ့တာပါ။ ဂုဏ်ပြုဆုပေးပွဲ ဒီအခမ်းအနားမှာပဲ ၂၀၁၇ ခုနှစ်ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဂျပန်ကလေး ရုပ်ရှင်ပွဲတော်မှာ သွားရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ လူငယ်အဖွဲ့တွေကိုပါ ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူတွေက ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up