Home
မြန်မာသတင်း
ပြည်တွင်းစစ်ရပ်စဲရေး လမ်းစပျောက်နေဟု ကယန်းအမျိုးသားပါတီကြေညာ
ပိုင်စိုး
·
December 17, 2017
  ပြည်တွင်းစစ်ရပ်စဲရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ လမ်းစပျောက်နေတုန်းပဲလို့ ကယန်းအမျိုးသားပါတီက မနေ့က ဒီမောဆိုမြို့မှာ ပြုလုပ်တဲ့ ပါတီ စုံညီတွေ့ဆုံပွဲကနေ ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလမှာ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ဖွံ့ဖြိုး တိုးတက်မှုအရေးတွေမှာ အများကြီးနှောင့်နှေးနေတယ်၊ ဒီမိုကရေစီစနစ်မှာ အရေးပါတဲ့ သတင်းမီဒီယာတွေကိုလည်း ကန့်သတ်တာတွေ အများကြီးဖြစ်နေပြီး ဒီကန့်သတ်ဖိနှိပ်တာတွေ ဟာ အစိုးရမှာ တာဝန်အရှိဆုံး ဖြစ်တာကြောင့် အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်လို့လည်း သုံးသပ်ထားပါတယ်။ ဒါ့အပြင် ကယန်းဒေသ မူးယစ်ဆေးဝါးကင်းစင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အစိုးရက တာဝန်ယူမှုတွေလိုနေသေးပြီး သန်းခေါင်စာရင်းမှာ ကယန်းလူမျိုးရဲ့ အမည်မှန်၊ လူဦးရေ အမှန်ဖော်ပြနိုင်ရေးကိုလည်း အစိုးရမှာ တာဝန်အပြည့်ရှိတယ်လို့ ကယန်း အမျိုးသားပါတီက ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024