အစ္စရေးစစ်တပ်၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၄ ဦးသေဆုံး
အစ္စရေး စစ်တပ်ရဲ့ သောကြာနေ့က ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း လူမျိုး ၄ ယောက် သေဆုံးပြီး တခြား လူတချို့ ဒဏ်ရာရသွားတယ်လို့ ဆေးဘက် အရာရှိတွေက ပြောပါတယ်။
ဂါဇာနယ်စပ်မှာ ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းတွေ စုရုံးခဲ့ကြပြီး နယ်စပ်ခြံစည်းရိုး တဖက်က အစ္စရေး စစ်သားတွေကို ကျောက်ခဲ တွေနဲ့ ပစ်ခတ်ခဲ့ကြပြီး အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ ၂ ဦး သေဆုံးကာ ၁၀ဦး ဒဏ်ရာရတယ်လို့ ဆရာဝန် တွေက ပြောပါတယ်။
သေဆုံးသူ တယောက်က အစ္စရေး စစ်တပ်က တပ်ထိန်းရဲတပ်ဖွဲ့ဝင်ကို ဓားနဲ့ ထိုးအပြီး ပစ်သတ် ခံရတာလို့ အစ္စရေးက ပြောပါတယ်။
ပါလက်စတိုင်း တယောက်က ဓားကို ကိုင်ထားပြီး ဗုံးခါးပတ်နဲ့တူတဲ့ အရာကို ဝတ်ထားတာကို မြင်ခဲ့တယ်လို့ ရိုက်တာ သတင်းဌာနရဲ့ မျက်မြင်သက်သေက ပြောပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ဂျေရုဆလင်မြို့ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ပြောအပြီး သီတင်းပတ် ၂ပတ်ကြာတဲ့ အထိ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေဆဲပါ။