တိုက်စစ်မှူး ကျော်ကိုကို ထိုင်းရှုံးထွက်ချန်ပီယံ ချင်းရိုင်ယူနိုက်တက်တွင်ပြောင်းရွှေ့ကစားမည်

1.7K
ရန်ကုန်ယူနိုက်တက်နဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုဟာ ထိုင်းရှုံးထွက်ချန်ပီယံ ချင်းရိုင်ယူနိုက်တက်ကလပ် အသင်းမှာ တရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားမယ် လို့သိရပါတယ်။
ချင်းရိုင်အသင်းတာဝန်ရှိသူတွေအနေနဲ့ လာမယ့်တပတ်အတွင်း ရန်ကုန်ကို လာရောက်မှာ ဖြစ်ပြီး အပြီးသတ်ဆွေးနွေးမူပြုလုပ်မယ်လို့ ရန်ကုန်ယူနိုက်တက်အသင်း မီဒီယာတာဝန်ခံ ဦးမျိုးမြင့်သောင်း ကပြောပါတယ်။
ကျော်ကိုကိုအနေနဲ့တလ လုပ်ခ အမေရိကန်ဒေါ်လာ ၇၀၀၀ လောက်ရမှာဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းT1 ကလပ်ချင်းရိုင်အသင်းဟာ ပြီးခဲ့တဲ့ ထိုင်းလိဂ်မှာ အဆင့်လေးနေရာမှာ ရပ်တည်ခဲ့တဲ့အသင်းဖြစ်ပြီး ရှုံးထွက်ဖလားလည်းရခဲ့လို့ AFC အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ပလေးအော့ဖ်ဒုတိယအဆင့်ကစားခွင့်ရှိထားပါတယ်။
ချင်းရိုင်အသင်းဟာ ၂၀၀၉ ခုနှစ်က ဖွဲ့စည်းခဲ့တာ့ဖြစ်ပြီး ထိုင်းလက်ရွေးစင် ၂ ဦးနဲ့ လက်ရွေးစင်ဟောင်း ၃ ဦး ပါဝင်ကစားနေပါတယ်။