အပြေးသမား ၈၀၀၀ ခန့်ပါဝင်ယှဉ်ပြိုင်သည့် မာရသွန်ပြိုင်ပွဲရန်ကုန်တွင်ကျင်းပ

1.5K
POCARI SWEAT မာရသွန်ပြိုင်ပွဲကို ရန်ကုန်မြို့မှာ ဒီကနေ့ မနက် ၅နာရီက စတင်ကျင်းပခဲ့ရာမှာ ပြိုင်ပွဲဝင် ကစားသမားပေါင်း ၈၀၀၀ လောက်ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
၂၁ကီလိုမီတာ၊ ၁၀ကီလိုမီတာနဲ့ ၅ကီလိုမီတာ အမျိုးသားအမျိုးသမီး အလွတ်တန်းပြိုင်ပွဲတွေဖြစ်ပြီး တာလွှတ်ချိန်ကတော့ ၂၁ ကီလိုမီတာပြေးပွဲက မနက် ၅နာရီခွဲ၊ ၁၀ကီလိုမီတာက မနက် ၆ နာရီခွဲနဲ့ ၅ ကီလိုမီတာက မနက် ၇ နာရီ ၁၅ မိနစ်ဖြစ်ပါတယ်။
မာရသွန်ပြိုင်ပွဲအခမ်းအနားကို မနက် ၅နာရီမှာ ရန်ကုန်မြို့ကျိုက္ကဆံအားကစားကွင်းမှာ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဖွင့်လှစ်ပေးခဲ့ပါတယ်။ မနက်၉နာရီခွဲမှာ ၂၁ ကီလိုမီတာနဲ့ ၁၀ကီလိုမီတာတို့အတွက် ဆုကြေး ကြေညာဖို့နဲ့ ကံစမ်းမဲအစီအစဉ်တွေ ပြုလုပ်ပြီး ပြိုင်ပွဲကို အဆုံးသတ်မှာ ဖြစ်ပါတယ်။