ပီးရူးသမ္မတကို လာဘ်စားမှုဖြင့် လွှတ်တော်ကစွပ်စွဲပြစ်တင်

ဘရာဇီးဆောက်လုပ်ရေးကုမ္ပဏီ အော်ဒါဘရက်ခ်ျဆီက လာဘ်ငွေ ရယူခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ ပီးရူးသမ္မတကို လွှတ်တော်ကနေ စွပ်စွဲပြစ်တင်ပြီး သမ္မတရာထူးကနေ ဖြုတ်ချတော့မှာဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၅ ရက်က ပီးရူးလွှတ်တော်ဟာ သမ္မတ ပီဒရိုပါဘလိုကူဇင်စကီ ကို စွပ်စွဲပြစ်တင်ဖို့ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၉၃ မဲနဲ့ ကန့်ကွက်မဲ ၁၇ ရှိခဲ့ပါတယ်။
သမ္မတကို ရာထူးကနေ ဖြုတ်ချဖို့ စွပ်စွဲပြစ်တင်ဖို့ရာမှာ ထောက်ခံမဲ ၈၇ မဲသာလိုတာဖြစ်ပြီး၊ အခုရရှိခဲ့တဲ့ ထောက်ခံမဲ အရေအတွက်ဟာ သမ္မတကို စွပ်စွဲပြစ်တင်နိုင်တော့မှာဖြစ်ပါတယ်။
ပီရူးလွှတ်တ်ာက သမ္မတ ပီဒရိုပါဘလိုကူဇင်စကီ ကို လာဘ်စားမှုစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ချေပဖို့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ လွှတ်တော်ကို လာရောက်ဖို့ ဆင့်ခေါ်ထားပါတယ်။
ပီးရူးသမ္မတ ကူဇင်စကီးကတော့ သူ့အပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ငြင်းဆိုထားပါတယ်။
ဒါပေမယ့် လက်တင်အမေရိကနိုင်ငံတွေရဲ့ လာဘ်စားမှုအရှုပ်တော်ပုံတွေနဲ့ ဆက်စပ်နေတဲ့ ဘရာဇီး ဆောက်လုပ်ရေးကုမ္ပဏီ အောါဒါဘရက်ခ်ျက ပီရူးလွှတ်တော်ကို အစီရင်ခံစာပေးပို့ခဲ့ရာမှာ၊ ကုမ္ပဏီက ပီရူးသမ္မတပိုင် ဝက်စ်ဖီးလ် ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၈ သိန်း စရံငွေပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ပီရူးသမ္မတရဲ့ မိတ်ဆွေရင်းဖြစ်သူ ပိုင်တဲ့ ကုမ္ပဏီကိုလည်း အမေရိကန်ဒေါ်လာ ၄ သန်း စရံငွေပေးခဲ့ကြောင်း ဖော်ပြခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။