၂၀၂၂ ဆောင်းရာသီအိုလံပစ်ပွဲနှင့် မသန်စွမ်းအားကစားပွဲတရားဝင် သင်္ကေတ ထုတ်ဖော်ပြသ

၂၀၂၂ ခုနှစ်မှာ ကျင်းပမယ့် ပေကျင်းမြို့တော်ရဲ့ ဆောင်းရာသီအိုလံပစ်နဲ့ မသန်စွမ်း ဆောင်းရာသီအားကစားပွဲတွေအတွက် တရားဝင် သင်္ကေတ အမှတ်အသားတွေကို ဒီဇင်ဘာလ ၁၅ ရက် သောကြာနေ့မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။
ဆောင်းရာသီအိုလံပစ် သင်္ကေတအဖြစ် တရုတ်အနုပညာရှင် လင်းကွန်ကျန်း ဒီဇိုင်းထုတ်ထားတဲ့ ဆောင်းရာသီအိပ်မက်လို့ တင်စား အဓိပ္ပာယ်ဖော်ထားတဲ့ တရုတ်စာလုံး တုံး(င်) ကို ရွေးချယ်သတ်မှတ်လိုက်တာပါ။
လိုဂိုတံဆိပ်ရဲ့ အပေါ်ပိုင်းတဝက်ကို ရေခဲပြင်စကိတ်စီးသူရဲ့ပုံသဏ္ဍာန်ကနေ ယူထားပြီး လိုဂို အောက်ပိုင်းတဝက်ပုံကိုတော့ နှင်းလျှော(ရေခဲလျှော) စီးသူတယောက် ပုံသဏ္ဍာန်ကို ယူထားတာဖြစ်ပါတယ်။
ဆောင်းရာသီ မသန်စွမ်းအိုလံပစ်အားကစားရဲ့ အမှတ်အသားကိုတော့ မြင့်မြင့် ပျံသန်းခြင်းလို့ အဓိပ္ပာယ်ဖော် တင်စားထားတဲ့ တရုတ်စာလုံး ဖှေး ကို တရုတ် လက်ရေးအလှရေးပညာနဲ့ မသန်စွမ်း ဆောင်းရာသီအားကစားပွဲတွေရဲ့စိတ်ဝိညာဉ်ကို ပေါင်းစပ် ပုံဖော်ထားပါတယ်။
ဖွင့်ပွဲအခမ်းအနားကို တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ အားကစားသမားတွေ တက်ရောက်ကြပါတယ်။
၂၀၁၈ ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်ကိုတော့ တောင်ကိုရီးယားနိုင်ငံ ပြုံချမ်းမြို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်။