A d v e r t i s e m e n t With Us

မန္တလေးတိုင်းတွင် မီးလောင်သည့် အကြိမ်ရေ မနှစ်ကထက်လျော့ကျသွား

  မန္တ​လေးတိုင်း​ဒေသကြီးထဲမှာ  ဒီနှစ်အတွင်းမီးလောင်တဲ့ အကြိမ်ရေနဲ့ ဆုံးရှုံးတဲ့တန်ဖိုးဟာ မနှစ်ကထက် လျော့နည်းသွားတယ်လို့ မန္တ​လေးတိုင်း​၊ ခရိုင်​မီးသတ်​ဦးစီးဌာနမှူး၊ လက်​​ထောက်​ညွှန်​ကြား​ရေးမှူး ဦးသန်းနိုင်​က ​ပြောပါတယ်​။ ၂၀၁၆ ခုနှစ်​ ဇန်​နဝါရီလ ၁ ရက်​​ကနေ နိုဝင်​ဘာလ ၃၀ ရက်​​နေ့ အထိ ၁၉၉ ကြိမ် မီးလောင်ခဲ့ပြီး ကျပ်သန်းပေါင်း ၁၂၄၉.၆၇ သန်း ဆုံးရှုံးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်​မှာတော့ ဇန်​နဝါရီလ ၁ ရက်​​က​နေ နိုဝင်​ဘာလ ၃၀ ရက်​​အထိက​ ၁၉၁ ကြိမ်​မီး​လောင်​ခဲ့​ပြီး ကျပ်သန်းပေါင်း ၂၈၂.၃၃၃ သန်းဆုံးရှုံးခဲ့တာပါ။ မန္တ​လေးတိုင်း​ဒေသကြီး ခရိုင်​မီးသတ်​ဦးစီးဌာနမှူး၊ လက်​​ထောက်​ညွှန်​ကြား​ရေးမှူး ဦးသန်းနိုင်​က “အခုလို မီး​လောင်တာ​တွေ​လျော့နည်းပြီး ဆုံးရှုံးမှု တန်​ဖိုးတွေ ကျဆင်းသွား ရတာဟာ ကျ​နော်​တို့မီးသတ်​ တပ်​ဖွဲ့ဝင်​တွေ​ကြောင့်​တင် မဟုတ်​ဘဲ ပြည်​သူလူထု​တွေရဲ့ ပူး​ပေါင်းပါဝင်​လာတဲ့အတွက်​ အခုလို​လျော့နည်းကျဆင်းလာရတာလည်း ဖြစ်​ပါတယ်​။ ​ရှေ့လာမယ့်ပွင့်​လင်းရာသီမှာ စံချိန်​တင်​​လျော့နည်းသွားဖို့ ကျ​နော်တို့ မန္တ​လေးတိုင်း မီးသတ်​ဌာန အ​နေနဲ့ ပညာ​ပေးလှုံ့​ဆော်​တာတွေနဲ့ ကြိုတင်​ဇာတ်​တိုက်​​လေ့ကျင့်တာ​တွေ ပြုလုပ် ​သွားမှာလည်းဖြစ်​ပါတယ်” လို့ ​ပြောပါတယ်​။ မန္တလေးတိုင်းအတွင်းမှာ မီးသတ်​စခန်း ၇၉ ခု၊ မီးသတ်​ကားအစီး ၁၅၀ နီးပါး၊ သန္ဓေမီးသတ်​ အင်​အား ၅၀၀ လောက်နဲ့ အရံမီးသတ်​အင်​အား ၂ ထောင်ကျော်ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up