အမျိုးသားစာပေ ကဗျာဆုနှစ်ဆုပေးရေးအဆို စာပေညီလာခံတွင် စိတ်ဝင်စားမှုများပြား
DVB
·
December 16, 2017
လာမယ့်နှစ် အမျိုးသားစာပေကဗျာဆုကို အစဉ်အလာကဗျာဆုနဲ့ ခေတ်ပေါ်ကဗျာဆုအဖြစ် ဆုနှစ်ဆု ပေးရေးအဆိုပြုလွှာကို စာပေညီလာခံမှာ ကဗျာဆရာတွေက တင်သွင်းရာမှာ လူစိတ်ဝင်စားမှု အများဆုံး အဆိုပြုလွှာတွေထဲမှာ ပါဝင်ခဲ့ပါတယ်။
အဲဒီစာပေညီလာခံကို ရန်ကုန်မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ဒီဇင်ဘာ ၁၃၊ ၁၄၊ ၁၅ ရက်က ကျင်းပခဲ့ပြီး အရပ်သား အစိုးရလက်ထက်မှာ ပထမဆုံး လွတ်လပ်စွာ ကျင်းပခဲ့တဲ့ ညီလာခံလည်းဖြစ်ပါတယ်။
ညီလာခံမှာ စာပေရေးရာနဲ့ပတ်သက်တဲ့ အဆိုပြုလွှာ ၅၀ ကျော်ရှိပြီး၊ အဆိုပြုလွှာ ၄၀ ကို ပြန်ကြားရေးဝန်ကြီးဌာနကိုတင်ပြသွားမှာဖြစ်ပါတယ်။
သားကြီးမောင်ဇေယျ