A d v e r t i s e m e n t With Us

ရွှေတိဂုံဘုရားပေါ် နိုင်ငံခြားသားများတက်ရောက်ဖူးမြော်ခွင့်ယာယီပိတ်မည်

  ရွှေတိဂုံစေတီတော်ပေါ်ကို နိုင်ငံခြားသားတွေ တက်ရောက်ဖူးမြော်ခွင့် ခုလကုန်ရက်မှာ ယာယီပိတ်ထားမယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ လာမယ့် ၂၀၁၈ခုနှစ် ဇန်န၀ါရီ ၁ရက် နှစ်သစ်ကူးနေ့မှာ ရွှေတိဂုံဘုရားမှာ ဂိုဏ်းပေါင်းစုံ သံဃာအပါး ၁၈၀၀၀ နဲ့ ဗုဒ္ဓဘိသေကအနေကဇာတင် အခမ်းအနားနဲ့  ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပဖို့ရှိတာပါ။ ဒါ့ကြောင့်အခမ်းအနားမတိုင်ခင် ဒီဇင်ဘာ ၃၀ရက် မနက် ၇နာရီကနေ  ပြီးဆုံးမယ့် ဇန်န၀ါရီ ၁ရက် မွန်းတည့် ၁၂ နာရီထိ နိုင်ငံခြားသားတွေလာရောက်ရင် အဆင်မပြေမှု တွေနဲ့ ကြုံရနိုင်တာကြောင့် အဆိုပါအချိန်ကျော်မှ လာရောက်ဖူးမြော်နိုင်ဖို့  ရန်ကုန်တိုင်းအစိုးအဖွဲ့က သက်ဆိုင်ရာ ဟိုတယ်ခရီးဌာနတွေကို ညွန်ကြားထားတာဖြစ်ပါတယ်။ ရွှေတိဂုံစေတီတော်ကြီးဟာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွား တွေ အဓိက လာရောက်လေ့ရှိတဲ့ နေရာတခုဖြစ်ပြီး တနေ့ကို နိုင်ငံခြားသား ၂၅၀၀ လောက် လာရောက်တယ်လို့ ရွှေတိဂုံဂေါပကကသိရပါတယ်။ ခရီးသွားကုမ္ပဏီတွေအနေနဲ့ နိုင်ငံခြားသားခရီးသည်တွေကို ရွှေတိဂုံစေတီတော်သို့ သွားရောက် ပြသဖူးမြှော်ဖို့ ခရီးစဉ်တွေရေးဆွဲရောင်းချထားမှုတွေအပေါ် အသိပေးတဲ့အနေနဲ့ ခရီးသွားလုပ်ငန်းရှင်များအသင်းက ဇန်န၀ါရီ ၁၅ ရက်စွဲနဲ့ ထုတ်ပြန်ထားတာပါ။ အလားတူ မြန်မာ - ထိုင်း ချစ်ကြည်ရေး သံဃာ အပါး ၂၀၀၀၀ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကိုလည်း ၂၀၁၈ ဇန်နဝါရီ ၂၁ ရက်မနက်မှာ မန္တလေးမြို့ ချမ်းမြသာစည် လေဆိပ်မှာ ကျင်းပဖို့ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up