Home
သတင်းဓာတ်ပုံ
ပြင်ဦးလွင်ပန်းပွဲတော်တွင် ပန်းပင် ၂ သိန်းနီးပါး ပြသထား (ဓာတ်ပုံ)  
DVB
·
December 16, 2017
  ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ ဒီဇင်​ဘာလ ဒီဇင်ဘာ ၁၆ ရက်နေ့ မနက် ၁၀ နာရီမှာ ပန်းပွဲတော်ဖွင့်ပွဲပြုလုပ်ပြီး ပန်းမျိုးစိတ်ပေါင်း ၄၈မျိုး နဲ့ ပန်းပင်အရေအတွက် နှစ်သိန်းနီးပါး ပြသထားပါတယ်။ နှစ်စဉ်မတူညီတဲ့ ပုံစံတွေနဲ့ ပန်းတွေကို ပုံဖော်ထားတာပါ။ ဈေးကွက်ထဲမှာ ဝယ်လို့မရတဲ့ ရှားပါး သစ်ခွမျိုးစုံနဲ့ လိပ်ပြာပြတိုက်ကိုလည်း ဖွင့်ထားပါတယ်။ ရှားပါးပန်းပန်းမျိုးစုံကို လေ့လာရင်း သဘာဝကျောက်ဖြစ်ရုပ်ကြွင်းတွေကိုလည်း လေ့လာနိုင်အောင် သေချာပြင်ဆင် ထားတယ်လို့ ပြောပါတယ်။ ပန်းပွဲတော်ကို တတိယအကြိမ်နဲ့ အခု ၁၂ ကြိမ်မြောက်မှသာ ဖွင့်ပွဲကျင်းပတာဖြစ်ပြီး ဖွင့်ပွဲကို မန္တ​လေးတိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးနဲ့ အစိုးရအဖွဲ့ တချို့ တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024