၈၈ မျိုးဆက်များတည်ထောင်မည့် နိုင်ငံရေးပါတီအမည်ဆုံးဖြတ်မည်

2.4K
၈၈မျိုးဆက်ကျောင်းသားတွေပါဝင်ဖွဲ့စည်းတည်ထောင်မယ့် နိုင်ငံရေးပါတီရဲ့ နာမည်ကိုတော့ ၂ရက်ကြာ ဆွေးနွေးမှုအပြီး မနက်ဖြန်မှာ ဆုံးဖြတ်ချက် ချသွားဖို့ရှိနေပါတယ်။
နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီရဲ့ ပါတီနာမည်ပေးရေးနဲ့ ပါတီမှတ်ပုံတင်ရေး စုံညီအစည်းဝေးကို ဒီဇင်ဘာ ၁၆ ရက်နေ့က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီအစည်းဝေးမှာ ဦးဆောင်အဖွဲ့ဝင်တွေက ပါတီရဲ့ မူဝါဒအကြမ်းနဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားမှာပါ။
နိုင်ငံရေးအရဆွေးနွေးတဲ့အခါ အားမနာတမ်းဆွေးနွေးသွားမှ ကောင်းမွန်တဲ့ ဆွေးနွေးမှု ရလဒ်တွေ ပေါ်ပေါက်လာမှာဖြစ်တယ်လို့လည်း နိုင်ငံရေးပါတီဖြစ်မြောက်ရေး ဦးဆောင် ကော်မတီဝင် ဦးကိုကိုကြီးက ပြောပါတယ်။
ဒီနေ့ဆွေးနွေးပွဲကို တိုင်းနဲ့ပြည်နယ် ၉ ခုကတက်ရောက်ခဲ့ကြပြီး၊ အခြားတိုင်းနဲ့ ပြည်နယ်အသီးသီးကလည်း ဆက်သွယ်မေးမြန်းမှုတွေရှိနေတယ်လို့ ဆိုပါတယ်။