ဗြိတိန်မင်းသားဟယ်ရီနှင့် ဟောလိဝုဒ်မင်းသမီးတို့ မင်္ဂလာဆောင်မည့်ရက်ကြေညာ

1.5K
ဗြိတိန်မင်းသားဟယ်ရီနဲ့ အမေရိကန်နိုင်ငံသူ ဟောလိဝုဒ်မင်းသမီး မက်ဂန်မာကဲ လ်တို့ဟာ လာမယ့် ၂၀၁၈ မေလ ၁၉ ရက်နေ့မှာ လက်ထပ်မင်္ဂလာပွဲကျင်းပမယ်လို့ ကင်စတန်နန်းတော်က ကြေညာလိုက်ပါတယ်။
သူတို့ စုံတွဲဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက စေ့စပ်ခဲ့ကြပြီးဖြစ်တယ်လို့ အတည်ပြုခဲ့ကြပြီး မင်္ဂလာပွဲကိုတော့ ၀င်ဒ်ဆာရဲတိုက်ကြီးထဲက စိန့်ဂျော့ဂ်ျဘုရားကျောင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
သူတို့ ၂ ဦးရဲ့ ခုလိုတွေ့ဆုံမှုဟာ ဗြိတိန်ရဲ့ တော်ဝင်ရိုးရာမင်္ဂလာပွဲတွေရဲ့ အစဉ်အ လာတွေကို ချိုးဖျက်လိုက်တာဖြစ်ကာ မင်္ဂလာပွဲကျင်းပမယ့်နေ့ဟာလည်း အက်ဖ်အေဖ လား ဘောလုံးပွဲနောက်ဆုံး ဖိုင်နယ်နေ့လည်း ဖြစ်နေပြန်ပါတယ်။ဒါပေမယ့် အဲဒီနေ့ရဲ့ ဘယ်အချိန်မှာ ကျင်းပမလဲဆိုတာကိုတော့ မသိရသေးပါဘူး။
ဗြိတိန်တော်ဝင်မိသားစုအနေနဲ့ မင်္ဂလာပွဲမှာ ဂီတနဲ့ ပန်းအလှဆင်ယင်တာတွေ၊ ဧည့်ခံဝန်ဆောင်မှုတွေ ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လာမယ့် ခရစ္စမတ်ကာလမှာတော့ သူတို့ စုံတွဲဟာ ဘုရင်မကြီး အယ်လိဇဘက်နဲ့ အတူ ဆန်ဒ်ရင်ဂန်မှာ ကုန်ဆုံးသွားဖို့ ရှိနေတယ်လို့ ခုသီတင်းပတ်အစောပိုင်းက အ တည်ပြုပြောခဲ့ကြတာပါ။