A d v e r t i s e m e n t With Us

ကနေဒါဘီလီယံနာ သူဌေးကြီး ဇနီးမောင်နှံ အိမ်တွင်း သေဆုံးလျက်တွေ့

ဆေးကုမ္ပဏီကြီး အက်ပိုတက်စ်ကို တည်ထောင်သူ ဘီလီယံနာ သူဌေးကြီး ဘာရီရှာမန်နဲ့ သူ့ဇနီး ဟန်နီ ရှာမန်တို့ကို ကနေဒါနိုင်ငံ တိုရွန်တိုမြို့ အွန်တေရီအို အိမ်မှာ သေဆုံး လျက်သား တွေ့ရတယ်လို့ ကနေဒါ မီဒီယာမီဒီယာတွေမှာ ဖော်ပြပါတယ်။ သေဆုံးတဲ့ အခင်းအကျင်းက သံသယဖြစ်စရာ ကောင်းတယ်လို့ တိုရွန်တို ရဲတပ်ဖွဲ့ဝင် ဒေးဗစ်ဟော့ပ်ကင်ဆန်က ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုက အစောပိုင်းအဆင့်မှာပဲ ရှိသေးလို့ အလောင်း ၂ လောင်းနဲ့ ပတ်သက်ပြီး ရဲအရာရှိတွေက ချက်ချင်းအတည်မပြု သေးပါဘူး။ “အက်ပိုတက်စ် ဆေးဝါးလုပ်ငန်းက လူအားလုံး ဒီသတင်းကြောင့် ထိတ်လန့်ဝမ်းနည်း နေကြတယ်။ ကျနော်တို့ အားလုံးရဲ့ အတွေးတွေ ဆုတောင်းတွေဟာ မိသားစုနဲ့ ထပ်တူ ရှိနေတယ်”လို့ ကုမ္ပဏီက ကြေညာချက် ထုတ်ပြန်ပါတယ်။ အွန်တေရီယို ကျန်းမာရေးဝန်ကြီး အဲရစ်ခ် ဟော့စ်ကင်းစ်က “အခု ကျနော် ဘာပြောရမှန်းတောင်မသိဘူး။ အင်မတန် ချီးကျူးလောက်စရာ လူသားတွေပါ။ မယုံနိုင်လောက်စရာ ပရဟိတသမားတွေ ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်က ကြီးမြတ်တဲ့ ခေါင်းဆောင် တွေပါ” လို့ တွစ်တာ လူမှုကွန်ယက် ပေါ်မှာ ရေးပါတယ်။ ပုဂ္ဂလိကပိုင် အက်ပိုတက်စ် ကုမ္ပဏီဟာ ကနေဒါပိုင် အကြီးဆုံး ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းဖြစ်ပြီး တနှစ်ရောင်းရငွေဟာ ကနေဒါ ဒေါ်လာ ၂ ဘီလျံ ကျော်လောက်ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up