A d v e r t i s e m e n t With Us

ရန်ကုန်တိုင်းအစိုးရ အများနှင့်ဆိုင်သည့် ကုမ္ပဏီ ၂ ခုတွင် ကျပ်သန်း ၇ သောင်းထည့်ဝင်ထား

  ရန်ကုန်တိုင်းအစိုးရဟာ အများနဲ့ဆိုင်တဲ့ ကုမ္ပဏီ ၂ ခုမှာ ကျပ်သန်းပေါင်း ၇ သောင်း ထည့်ဝင်ထားတယ်လို့ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။ ဒီငွေတွေဟာ ၂၀၁၆-၁၇  ဘဏ္ဍာနှစ်မှာ ခွင့်ပြုခဲ့တဲ့ နောက်ထပ်ဖြည့်စွက်ရန်ပုံငွေ တွေဖြစ်ပြီး ဒီငွေတွေ ဘယ်မှာသုံးထားလဲလို့  မနေ့က ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ ဒဂုံမဲဆန္ဒနယ် ၂ ကိုယ်စားလှယ် ဦးကျော်ဇေယျက မေးမြန်းခဲ့တာပါ။ ဒီငွေတွေကို ရန်ကုန်ဘတ်စ်ကား အများနဲ့ဆိုင်တဲ့ ကုမ္ပဏီ (YBPC) နဲ့ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (YUPT) မှာ ကျပ်သန်းပေါင်း ၃ သောင်းခွဲစီ မတည်ရင်းနှီးငွေအဖြစ် ထည့်ဝင်ထားတယ်လို့ ဝန်ကြီးက ပြောပါတယ်။ ရလာတဲ့ အမြတ်တွေကိုတော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ သာမန်ငွေစာရင်းခေါင်းစဉ်မှာ သာမန်ရငွေအဖြစ် ထည့်မယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ တိုင်းအစိုးရအဖွဲ့ဟာ တရုတ်ကုမ္ပဏီတွေကနေ ကားစင်းရေ ၁၀၀၀ ကို တစင်းကို ဒေါ်လာ ၅၆၀၀၀ နှုန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်ဘတ်စ်ကား အများနဲ့ဆိုင်တဲ့ ကုမ္ပဏီ (YBPC)ကို ၂၀၁၅ ခုနှစ်မှာ စတင်ထူထောင်ခဲ့တာဖြစ်ပြီး မတည်ငွေအဖြစ် နိုင်ငံတော်က ကျပ်သန်းပေါင်း တသောင်းထည့်ဝင်ထားတယ်လို့ ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up