A d v e r t i s e m e n t With Us

ခန္တီးတရားရုံးက ကျောက်မျက်ဥပဒေဖြင့် အမျိုးသား ၇ ဦးကို ထောင်ဒဏ် ၁ နှစ်စီချမှတ်

  စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်တရားရုံးက ကျောက်မျက်ဥပဒေပုဒ်မ ၄၂ (က) နဲ့ အမျိုးသား ၇ ဦးကို ဒီဇင်ဘာ ၁၄ ရက်က  ထောင်ဒဏ် ၁ နှစ်စီအသီးသီး ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ ခန္တီးမြို့နယ် နန်စီပွန်ဒေသမှာ သူတို့တွေဆီကနေ မူးယစ်းဆေးဝါးရှာဖွေရင်း ကျောက်စိမ်းတုံးတွေ တွေ့တာကြောင့် ရုံးတင်တရားစွဲခဲ့တာပါ။ အားလုံး ၁၁ ဦးဖြစ်ပြီး ကျန်တဲ့လေးယောက်ကိုတော့အမှု ဆက်စစ်နေဆဲဖြစ်ပါတယ်။ သူတို့တွေကို မူးယစ်ဆေးဝါးသံသယနဲ့ စက်တင်ဘာ ၁၇ ရက်နေ့က ရှာဖွေရာက ကျောက်စိမ်းတုံးတွေ့ရှိခဲ့အပြီး တရားစွဲခဲ့တာပါ။ တရားခံဦးဂျိုးဆက်ကတော့ ကျောက်စိမ်းထွက် ဒေသမှာ ကျောက်စိမ်းကိုင်လို့ ဖမ်းတာ မတရားဘူးလို့ ပြောပါတယ်။ နန်းစီပွန်ဒေသဟာ ရေမဆေးရှာဖွေသူတွေနဲ့ ကျောက်တူ ကုမ္ပဏီတွေအကြား ပြဿနာဖြစ်လေ့ရှိတဲ့ဒေသလည်းဖြစ်ပါတယ်။ သတင်း- အောင်ဆန်းမြင့်

A d v e r t i s e m e n t With Us

More News
Up