ထိုင်းနှင့်ကမ္ဘောဒီယားနယ်စပ်တွင် ဆေးယဉ်ငှက်ဖျားနှင့် ရင်ဆိုင်နေရ

1.5K
ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်က ဘိုရိုင်မြို့မှာ ဆေးယဉ်ငှက်ဖျား မျိုးစိတ်ကို ရင်ဆိုင်နေရပါတယ်။
ဒါဟာ ငှက်ဖျားရောဂါတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ အားထုတ်မှုကို နောက်ကြောင်း ပြန်စေမယ့် ဘေးနဲ့ ခြိမ်းခြောက်နေတာပါ။
“ဆေးယဉ်ငှက်ဖျား မျိုးစိတ်သစ်ဟာ အာတီမစ်စီနန်နဲ့ တွဲဘက်ဆေးတွေ ကုထုံးတွေကို ပိုပိုပြီး ခံနိုင်ရည် ရှိလာနေတယ်။ ကမ္ဘောဒီးယား နိုင်ငံက တဆင့် အိမ်နီးချင်းနိုင်ငံတွေဆီကို အမြန်ကူးစက်နေတယ်” လို့ မဟီဒေါ အောက်စ်ဖို့ဒ် အပူပိုင်းဒေသ ဆေးပညာဌာနက ငှက်ဖျား သုတေသန ဌာနမှူး အာရိယန် ဒွန်ဒေါ့ဖ်က ပြောပါတယ်။
အဓိက ကူးစက်ခံ ဒေသတွင်းနိုင်ငံက ထိုင်းနိုင်ငံပါ။ နယ်စပ်ဒေသ ဘိုရိုင်မြို့မှာ ကျန်းမာရေး လုပ်သားတွေဟာ ငှက်ဖျားလူနာတွေကို အပတ်စဉ် သွေးစစ်ပြီး ဆေးကို မှန်မှန် သောက်အောင် ကြပ်မတ်နေပါတယ်။
ဒါဟာ ငှက်ဖျားက ဆေးယဉ်သွားနိုင်ချေကို ကန့်သတ်ဖို့ပါ။ ၁၉၅၀ ပြည့်လွန်ကနေ ၇၀ ပြည့်လွန်ကြား ကာလမှာ အရှေ့တောင်အာရှ ကုန်းမကြီးကနေ ဆေးယဉ်ငှက်ဖျား ကူးစက်ခဲ့လို့ အာရှနဲ့အာဖရိကတလွှား သန်းနဲ့ချီတဲ့ လူတွေ သေဆုံးခဲ့ပါတယ်။
ကျန်းမာရေး အာဏာပိုင်တွေ သတိမရှိခဲ့ရင် အလားတူဖြစ်ရပ် တကျော့ပြန် ဖြစ်မှာကို သိပ္ပံ ပညာရှင်တွေက စိုးရိမ်နေပါတယ်။
ဒီနှစ်မှာတော့ ကူးစက်မှုနှုံး ၆၀ ရာခိုင်နှုန်းထိ ကျဆင်းသွားပြီလို့ ထိုင်းကျန်းမာရေး အရာရှိတွေက ပြောပါတယ်။
ထိုင်းဟာ၂၀၂၄ မှာ ငှက်ဖျားကင်းစင်တဲ့ နိုင်ငံဖြစ်စေချင် နေတာပါ။ ခြင်ကတဆင့် ကူးစက်တဲ့ ငှက်ဖျားကြောင့် နှစ်စဉ် လူ ၄ သိန်း ၂ သောင်းကျော် သေဆုံး နေကျပါ။
သေဆုံးမှု အများစုဟာ ဆဟာရ ကန္တာရတောင်ပိုင်းက အာဖရိက နိုင်ငံတွေထဲမှာ ဖြစ်ပါတယ်။