A d v e r t i s e m e n t With Us

မြောက်ကိုရီးယား အကြပ်အတည်း ပူးပေါင်းဖြေရှင်းရန် အမေရိကန်နှင့် ရုရှား သဘောတူ

ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဖလှယ်ဖို့နဲ့ ဒီအကြပ်အတည်းကို ဖြေရှင်းဖို့ ဖြစ်နိုင်တဲ့ ကနဦးလုပ်ရပ်တွေကို ပူးပေါင်းဆောင်ရွက်ဖို့ တယ်လီဖုန်းခေါ်ဆိုမှုအတွင်း သဘောတူခဲ့တယ်လို့ ရုရှားသမ္မတ နန်းတော်က သောကြာနေ့မှာ ပြောပါတယ်။ မြောက်ကိုရီးယားနဲ့ဆက်သွယ်ထိတွေ့ဖို့ကိုလည်း ပူတင်နဲ့ထရမ့်တို့ ပြောခဲ့တယ်လို့ ကရင်မလင် နန်းတော် ပြောခွင့်ရ ဒမစ်ထရီပဲ့စ်ကို့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။ မြောက်ကိုရီးယားက သူ့ရဲ့ ဒုံးကျည်နဲ့ နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်ဖို့ နားချရေး အားထုတ်ရာမှာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ရဲ့ အကူအညီကိုပိုရဖို့ အမေရိကန်က မျှော်လင့်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ ပြောလိုက်ပါတယ်။ “အဓိကအချက်က မြောက်ကိုရီးယား အကြောင်းကို ပြောဖို့ပဲ။ မြောက်ကိုရီးယားအရေးမှာ သူ့ရဲ့ အကူအညီကို လိုချင်တယ်။ တရုတ်က ကူညီနေတယ်။ ရုရှားက မကူညီသေးဘူး ရုရှားရဲ့ အကူအညီကို ရချင်တယ်” လို့ ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up