Home
မြန်မာသတင်း
ကျိုက်ထီးရိုးတွင် ကောင်းကင်ကေဘယ်လ်ကားစတင်ဖွင့်လှစ်
DVB
·
December 16, 2017
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို တက်ရောက်ဖူးမြော်နိုင်ဖို့အတွက် ဒီဇင်ဘာ ၁၅ ရက်က ကောင်းကင်ကေဘယ်လ်ကားဖွင့်ပွဲ ပြုလုပ်ခဲ့ပြီး ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ဘုရားဖူးပြည်သူတွေကို ၁ ရက်တာ အခမဲ့ပြေးဆွဲခဲ့ပါတယ်။ အဲဒီကေဘယ်လ်ကားကို မနက် ၆ နာရီကနေ ညနေ ၆ နာရီထိ ဖွင့်လှစ်ပြေးဆွဲသွားမှာဖြစ်ပြီး  လုံခြုံစိတ်ချစွာ စီးနင်းလိုက်ပါနိုင်ဖို့အတွက် စီစဉ်ထားတယ်လို့ ဆောက်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာ ဦးနောင်ရဲအောင်က ဒီဗွီဘီကို ပြောပါတယ်။ ကေဘယ်လ်ကားတတွဲမှာ လူ ၈ ဦးအထိ စီးနင်းနိုင်မှာဖြစ်ပြီး အများဆုံးကြာချိန်မှာ ၈ မိနစ်မှ ၁၅ မိနစ်အတွင်း ရှိမှာဖြစ်ကာ တနေ့ကို လူဦးရေ ၂၀၀၀၀ အထိ ပို့ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ကေဘယ်လ်ကားစီးနင်းခအဖြစ် နိုင်ငံခြားသားတဦးကို ၁၀ ဒေါ်လာ၊ မြန်မာနိုင်ငံသားတဦးကို ကျပ် ၃၀၀၀ သတ်မှတ်ထားတယ်လို့ Sky Asia ကုမ္ပဏီထံက သိရပါတယ်။ ကေဘယ်လ်ကား လိုက်ပါစီးနင်းနေစဉ် ထိခိုက်မှုတစုံတရာ ဖြစ်ပေါ်လာပါကလည်း စီးနင်းလိုက်ပါသူတွေရဲ့ အသက်အာမခံကို ဆောင်ရွက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024