မန်စီးတီးရဲ့နိုင်ပွဲဆက်တိုက်စံချိန်ကို ချိုးဖျက်မည်ဟု စပါးနည်းပြပြော
မန်စီးတီးအသင်းရဲ့ နိုင်ပွဲဆက်တိုက်စံချိန်ကို ချိုးဖျက်သွားမယ်လို့ စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။
စပါးအသင်းဟာ လာမယ့် ဒီဇင်ဘာ ၁၆ ရက်နေ့မှာ မန်စီးတီးနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး အနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားရောက်မှာဖြစ်တယ်လို့ ပိုချက်တီနိုက ဆိုပါတယ်။
မန်စီးတီးအသင်းဟာ အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်းဖြစ်နေပြီး ဥရောပရဲ့ ထိပ်တန်းအသင်းဖြစ်တာကြောင့် ဒီလို အကောင်းဆုံးအသင်းနဲ့ ကစားရတာမျိုးက စိတ်လှုပ်ရှားစရာကောင်းပြီး စိန်ခေါ်မှုတခုဖြစ်တယ်လို့ ပိုချက်တီနိုက ဆက်ပြောပါတယ်။
စပါးအသင်းဟာ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ၁၈ မှတ်အထိ ကွာဟနေပါတယ်။