Home
မြန်မာသတင်း
မင်းတုန်းမြို့နယ်တွင် အမျိုးသားတဦး တောဝက် အပက်ခံရ
DVB
·
December 15, 2017
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် မင်းတုန်းမြို့နယ်၊ မှန်ကျေးရွာမှာ ဒီနေ့မနက်ပိုင်းက ဆောင်းသီးနှံစိုက်ပျိုးဖို့ ထွန်ယက်နေတဲ့ ကိုဇော်မန်းကို တောဝက်တကောင်က ဝင်ရောက်ပက်သွားကြောင်း မင်းတုန်းမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းလင်းအောင်က ပြောပါတယ်။ ကိုဇော်မန်းရဲ့ ဇနီးဖြစ်သူ မမာမာဦးက “တောဝက်က အချိန် ၅၀ လောက်ရှိတယ်။ မှန်ရွာအသစ်ဘက်ကနေ ရွာမကြီးထဲ ပြေးလာတာ၊ မင်္ဂလာဆောင်လူအုပ်နဲ့တွေ့ပြီး ကျမတို့ကိုင်းခုံထဲ ဆင်းပြေးလာပြီး ကိုဇော်မန်းနဲ့ တည့်တည့်တိုးပြီး ပက်တာ၊ ဟိုဘက်လှည့်ပေးလိုက်လို့၊ ရှေ့ဆို ဗိုက်ပွင့်သွားနိုင်တယ်။ အထက်တောထဲမှာ တောခွေးတွေ တော်တော်များလာတယ်တဲ့။ အရင်က တောခွေးမရှိဘူး။ အဲဒါကြောင့် လူတွေကြားထဲ ပြေးပြေးလာတာလား မသိဘူး။ ပြီးခဲ့တဲ့ တပတ်လောက်ကလည်း ပြောင်တကောင် ဝင်လာသေးတယ်” လို့ ပြောပါတယ်။ ဝက်ပက်ခံရတဲ့လူနာကို စေတနာမွန် လူမှုကူညီရေးကားနဲ့ ဆေးရုံပို့ဆောင်ပေးခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဒေါက်တာထွန်းလင်းအောင်က ဆိုပါတယ်။ အဲဒီကျေးရွာဟာ ရခိုင်ရိုးမနဲ့ ဆက်စပ်နေပြီး မကြာခဏ တောကောင်တွေရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ကြရလေ့ရှိတယ်လို့ သိရပါတယ်။ ထန်းထန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024