A d v e r t i s e m e n t With Us

ရုရှားစီးပွားရေးဝန်ကြီးဟောင်းကို လာဘ်စားမှုဖြင့် အပြစ်ရှိကြောင်း တရားရုံးဆုံးဖြတ်

ဓာတ်ပုံ - ရိုက်တာ
လာဘ်စားမှုနဲ့ စွပ်စွဲခံထားရတဲ့ ရုရှားစီးပွားရေးဝန်ကြီးဟောင်း အာလက်ဆီ ယူလုကက်ဖ်ကို အပြစ်ရှိကြောင်း တရားရုံးက ဒီဇင်ဘာ ၁၅ ရက်မှာ အမိန့်ချမှတ်လိုက်ပါတယ်။ “အာလက်ဆီ ယူလုကက်ဖ်ဟာ တာဝန်ထမ်းဆောင်စဉ်က လာဘ်ငွေရယူခဲ့တဲ့ပြစ်မှုမှာ အပြစ်ရှိတယ်” လို့ တရားသူကြီး လာရီဆာ ဆီမွန်နဗာက ပြောသွားတာပါ။ ဝန်ကြီးဟောင်းဟာ မနှစ်က ရို့စ်ညက် ရေနံကုမ္ပဏီထံကနေ အမေရိကန်ဒေါ်လာ ၂ သန်း လာဘ်ငွေရယူခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲထားတာပါ။ သူဟာ ရုရှားအစိုးရပိုင် ဘတ်ရှ်ညက် ရေနံကုမ္ပဏီကို ရို့စ်ညက်ရေနံကုမ္ပဏီထံ ရောင်းချဖို့ အတည်ပြုချက်ပေးခဲ့ရာမှာ လာဘ်ငွေရယူခဲ့တယ်လို့ စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။ ရုရှားစီးပွားရေးဝန်ကြီးဟောင်း အာလက်ဆီ ယူလုကက်ဖ်က လာဘ်စားမှုစွဲချက်ကို ငြင်းဆိုထားပြီး သူ့ကိုပေးတဲ့အိတ်ဟာ တန်ဖိုးကြီး အရက်ပုလင်းလက်ဆောင်ဖြစ်တယ်လို့သာ  ထင်မြင်ယူဆခဲ့ကြောင်း ပြောကြားထားပါတယ်။ တရားရုံးကို သက်သေလည်းဖြစ်၊ ရုရှားသမ္မတပူတင်ရဲ့ အနီးကပ်မဟာမိတ်လည်းဖြစ်တဲ့ ရို့စ်ညက် ရေနံကုမ္ပဏီ အမှုဆောက်အရာရှိချုပ် အီဂေါ ဆေချင် လာရောက်ခြင်းမရှိပါဘူး။ ရုရှားအစိုးရ ရှေ့နေတွေဟာ ဝန်ကြီးဟောင်းကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်ဖို့ အခုလအစောပိုင်းက ကြိုးပမ်းခဲ့ကြတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up