Home
မြန်မာသတင်း
မဲရုံတွင်း​ ဝင်​ရောက်စည်း​ရုံး​တဲ့​ ကြံ့​ခိုင်​ရေး​အမတ်အမှု ရဲစစ်​ဆေး
အေးနိုင်
·
April 20, 2012
ပဲခူး​တိုင်း​ သနပ်ပင်မြို့​နယ် မင်း​ရွာမဲရုံမှာ ကြား​ဖြတ်​ရွေး​ကောက်ပွဲ​နေ့​တုန်း​က ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ပါတီ အမတ်တဦး​က မဲရုံထဲထိ ဝင်​ရောက် မဲဆွယ်တယ်လို့​ တိုင်ကြား​ချက်ကို ရဲက လာ​ရောက်စစ်​ဆေး​ပါတယ်။ ​ဝေါမြို့​နယ် တိုင်း​ဒေသကြီး​ လွှတ်​တော်အမတ် ဦး​အောင်နိုင်က မင်း​ရွာမဲရုံထဲထိ ဝင်​ရောက်ပြီး​ ကြံ့​ခိုင်​ရေး​ပါတီအမတ်ကို မဲထည့်​ဖို့​ စည်း​ရုံး​တာကို တိုင်ခဲ့​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကိုယ်စား​ပြု အမတ်​လောင်း​ ဦး​မြင့်​ဦး​ရဲ့​ မဲရုံကိုယ်စား​လှယ် ကို​ဇော်လင်း​ဦး​ကို ရဲက ဧပြီ ၁၈ ရက်​နေ့​မှာ စစ်​ဆေး​ခဲ့​တာပါ။ ကို​ဇော်လင်း​ဦး​က “မင်း​ရွာ ရဲအရာရှိက လာပြီး​တော့​ စစ်​ဆေး​သွား​တာ​ပေါ့​။ အခင်း​ဖြစ်တဲ့​နေရာ​တွေ ဓာတ်ပုံ​တွေ ဘာ​တွေရိုက်ပြီး​တော့​။ အဲဒီ​နေ့​က မဲရုံကိုယ်စား​လှယ် ကျ​နော်ရယ်၊​ ကိုဆန်း​ဦး​ရယ်၊​ ​အောင်နိုင်​ရေး​အဖွဲ့​က ကို​ငွေထွန်း​ အဲဒီ ၃ ​ယောက်စလုံး​ကို လာစစ်​ဆေး​ပါတယ်။ ဒီက မဲရုံ​ကော်မရှင် ဥက္ကဋ္ဌ​တွေ​ရော၊​ ​ကျေး​ရွာ​ကော်မရှင် ဥက္ကဋ္ဌ​ရော၊​ လုံခြုံ​ရေး​ ကိုခင်ဦး​ကိုပါ အကုန်လုံး​ စစ်​ဆေး​သွား​ပါတယ်။” ​ရွေး​ကောက်ပွဲ​နေ့​မှာ ဦး​အောင်နိုင် မဲရုံတွင်း​ ဝင်​ရောက်မဲဆွယ်ခဲ့​ပုံကိုလည်း​ ကို​ဇော်လင်း​ဦး​က ခုလို ​ပြောပါတယ်။ “အဲဒီ မဲ​ပေး​တဲ့​နေ့​က သူက ကျ​နော်တို့​ မဲရုံအတွင်း​ထဲကို ဝင်လာပြီး​တော့​ မဲရုံအတွင်း​ထဲမှာ သူက ​တွေ့​တဲ့​လူကို လက်စွဲနှုတ်ဆက်ပြီး​တော့​ ကျ​နော် ​ဝေါမြို့​နယ် တိုင်း​ဒေသကြီး​ လွှတ်​တော်အမတ် တ​ယောက်ပါ ဘာညာနဲ့​ ​ပြော​နေတယ်။ ​ပြော​နေ​တော့​ ဥပ​ဒေအရ ထုတ်ပြန်ထား​တဲ့​ စည်း​မျဉ်း​စည်း​ကမ်း​တွေ ရှိတယ်၊​ အစ်ကို မသိဘူး​လား​ဆို​တော့​... ငါ အမတ် တ​ယောက်တဲ့​၊​ မင်း​တို့​ ငါ့​ကို ဘာလုပ်မလဲတဲ့​၊​ မင်း​တို့​ ကြိုက်တဲ့​ ဥပ​ဒေနဲ့​ တရား​စွဲတဲ့​။ အဲဒါဆိုရင် ကျ​နော်တို့​က ဥပ​ဒေအရ အစ်ကို ကို ကျ​နော်တို့​ ဆက်လုပ်ပါ့​မယ်လို့​၊​ အဲဒီအတိုင်း​ပြောပြီး​ ကျ​နော်တို့​ တာဝန်ရှိတဲ့​ လုံခြုံ​ရေး​အဖွဲ့​ကို ကျ​နော်တို့​က ​ပြောပြီး​တော့​ သူ့​ကို အပြင်ထုတ်ခိုင်း​လိုက်တယ်။” ဧပြီ ၁ ရက် ကြား​ဖြတ်​ရွေး​ကောက်ပွဲတုန်း​က သနပ်ပင်မြို့​နယ်မှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဦး​မြင့်​ဦး​က ယှဉ်ပြိုင်အနိုင်ရခဲ့​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024