ဆောက်သမ်တန်နောက်ခံလူ ဗန်ဒိုက်ကို မန်စီးတီး ခေါ်ယူရန် ပစ်မှတ်ထား

1.5K
မန်စီးတီးအသင်းဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဆောက်သမ်တန်နောက်ခံလူ ဗန်ဒိုက်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
နည်းပြ ဂွါဒီယိုလာဟာ အသင်းခေါင်းဆောင် ကွန်ပနီနဲ့ ဂျွန်စတုန်းတို့ ဒဏ်ရာပြဿနာ ရှိတာကြောင့် နောက်ခံလူတဦး မဖြစ်မနေခေါ်ယူဖို့ စီစဉ်ထားတာပါ။
မန်စီးတီးအသင်းဟာ ဗန်ဒိုက်အပြင် ဆိုစီဒက်အသင်းက စပိန်နောက်ခံလူ အင်ဂိုမာတီနက်ဇ်ကိုလည်း ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
လက်ရှိ နောက်ခံအတွင်းလူနေရာမှာ ကစားသမား နည်းပါးနေတဲ့အတွက် ပြိုင်ပွဲစုံ ကစားနေရတဲ့ မိမိတို့အသင်းအတွက် အခက်အခဲဖြစ်နိုင်တယ်လို့ ဂွါဒီယိုလာက ဆိုပါတယ်။
ဂွါဒီယိုလာအနေနဲ့ နောက်ခံလူ မန်ဂါလာနဲ့ အော်တာမန်ဒီတို့ကို ပွဲထွက်ကစားနေပေမယ့် မန်ဂါလာရဲ့ ခြေစွမ်းကို စိတ်တိုင်းကျခြင်း မရှိတာကြောင့် နောက်ခံလူသစ် ခေါ်ယူလိုတာလို့ သိရပါတယ်။