Home
မြန်မာသတင်း
မန္တလေးတွင် တရုတ်နိုင်ငံသားပိုင် လောင်းကစားဂိမ်းဆိုင်ကို ရဲတပ်ဖွဲ့ ဝင်ဖမ်း
DVB
·
December 15, 2017
မန္တလေးမြို့မှာ တရုတ်နိုင်ငံသား ဝန်ဂီဆိုသူ ဖွင့်ထားတဲ့ လောင်းကစားဂိမ်းဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသားကိုတော့ ဖမ်းမမိသေးဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁၄ ရက်မှာ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် ၁ ရပ်ကွက်၊ ၆၄x၄၀ လမ်းထောင့်ရှိ ဂိမ်းဆိုင်ကို သတင်းအရ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ  မအေးအေးအောင် (၁၈ နှစ်) အပါအဝင် ဆိုင်ဝန်ထမ်း မ ၅ ဦး၊ လောင်းကစားပြုလုပ်သူ အာကာဖြိုး (၃၂ နှစ်) အပါအဝင် ၉ ဦး၊ စုစုပေါင်း ၁၄ ဦး ဖမ်းမိပါတယ်။ သူတို့နဲ့အတူ ငါးမန်းဂိမ်းစက် ၅ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ၊ လောင်းကြေးငွေ ၃၆၃,၀၀၀ ကျပ်၊ ဖုန်း ၇ လုံး၊ ဆိုင်ကယ် ၈ စီး သိမ်းဆည်းရမိခဲ့ပြီး ဂိမ်းဆိုင်တည်ထောင်သူဟာ တရုတ်နိုင်ငံသား ဝန်ဂီဆိုသူဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဖမ်းမိထားသူတွေကို ရဲက လောင်းကစားပုဒ်မ ၁၃(က)/ ၁၄(က) နဲ့ အမှုဖွင့်ထားပြီး ဆိုင်ရှင် တရုတ်နိုင်ငံသားကိုတော့ လောင်းကစားပုဒ်မအပြင် ပို့/သွင်းပုဒ်မ ၈ နဲ့ ထပ်မံအမှုဖွင့် စုံစမ်းနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024