ချန်ပီယံမျှော်လင့်ချက် ပြီးဆုံးသွားပြီဟု ထင်ပါက အပန်းဖြေခရီးထွက်နေမည်ဟု မော်ရင်ဟို ပြော

ဓာတ်ပုံ - ရိုက်တာ
1.6K
ပရီးမီးယားလိဂ် ချန်ပီယံမျှော်လင့်ချက် ပြီးဆုံးသွားပြီလို့ ထင်ရင် အပန်းဖြေခရီး ထွက်နေလိမ့်မယ်လို့ မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။
မန်ယူအသင်းဟာ ဘုန်းမောက်နဲ့ပွဲမှာ အနိုင်ရခဲ့ပေမယ့် အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးအသင်းဟာလည်း ဆွမ်ဆီးကို အနိုင်ရခဲ့တာကြောင့် ၁၁ မှတ်အထိ ကွာဟနေဆဲဖြစ်ပါတယ်။
ဒီလို အမှတ်ကွာဟချက် များပြားနေပေမယ့် ချန်ပီယံမျှော်လင့်ချက် ပြီးဆုံးသွားပြီလို့ ပြောလို့မရကြောင်း မော်ရင်ဟိုက ဆိုပါတယ်။
ချန်ပီယံလုပွဲဟာ ပွဲစဉ်တွေအားလုံး ပြီးဆုံးချိန်ဖြစ်တဲ့ မေလရောက်မှာသာ ပြီးဆုံးမှာဖြစ်ပြီး ဒီအချိန်မှာ ပြီးဆုံးပြီလို့ထင်ရင် မိမိအနေနဲ့ ဘရာဇီးနဲ့ လော့စ်အိန်ဂျလိစ်မှာ အပန်းဖြေ သွားရောက်နေပြီဖြစ်တယ်လို့ မော်ရင်ဟိုက ပြောပါတယ်။